ဇာတ်ကားများ ရွေးရန်

El hombre de la luz

2025ဇာတ်ကားအမှတ် 6.8/1090 မိနစ်

El hombre de la luz (2025) IMDb Rating (6.7) ဇာတ်လမ်းနောက်ခံကတော့ အင်ဒီးစ်တောင်တန်းပေါ်မှာရှိပြီး မြူနှင်းတွေ ဖုံးလွှမ်းနေတဲ့ အလွန်ဝေးလံခေါင်ဖျားလှတဲ့ "Los Nevados" ဆိုတဲ့ ကျေးရွာလေး ဖြစ်ပါတယ်။ အဲဒီရွာလေးမှာ ထူးချွန်ထက်မြက်လှတဲ့ နည်းပညာပညာရှင်တစ်ဦးဖြစ်သူ အီစီဒရို ဇမ်ဘရာနိုဟာ လူသူကင်းကွာပြီး တစ်ဦးတည်း အထီးကျန်စွာ နေထိုင်နေပါတယ်။ သူ့ရဲ့ရင်ထဲမှာတော့ အတိတ်တုန်းက မိဘနှစ်ပါးနဲ့ ချစ်လှစွာသော ဇနီးသည်တို့ကို မတော်တဆဖြစ်ရပ်တစ်ခုကြောင့် အရုဏ်ဦးမှာ တပြိုင်နက်တည်း ဆုံးရှုံးခဲ့ရတဲ့ ကြေကွဲစရာ အတိတ်ဆိုးကြီး ရှိနေပါတယ်။ ဒီနာကျင်စရာ အတိတ်ဆိုးကြီးကို ပြောင်းလဲပစ်ဖို့အတွက် အီစီဒရိုဟာ သူ့ရဲ့ ပါရမီတွေကို အသုံးပြုပြီး... အချိန်ခရီးသွားနိုင်မယ့် စက်ပစ္စည်းတစ်ခုကို လျှို့ဝှက်စွာ နှစ်ပေါင်းများစွာ အသည်းအသန် တီထွင်ဖန်တီးခဲ့ပါတယ်။ သူခံစားခဲ့ရတဲ့ နာကျင်မှုတွေကို ပျောက်ကွယ်သွားအောင် အတိတ်က အဖြစ်အပျက်တွေကို သွားရောက်ပြင်ဆင်ဖို့ သူမျှော်လင့်ထားတာပါ။ ဒါပေမဲ့ နှစ်ပေါင်းများစွာ အားထုတ်ခဲ့ရတဲ့ သူ့ရဲ့ အိပ်မက်တွေ တကယ်လက်တွေ့ ဖြစ်လာမယ့်နေ့မှာတော့... အချိန်ကို ကစားခြင်းဟာ သူထင်သလောက် မလွယ်ကူဘဲ၊ စကြာဝဠာရဲ့ နိယာမတရားတွေ၊ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့အတူ သူ့ရဲ့ဘဝနဲ့ ရွာကလေးတစ်ခုလုံးကိုပါ ဘယ်လိုမျိုး ကြီးမားတဲ့ အန္တရာယ်တွေဆီ ဆွဲခေါ်သွားမလဲဆိုတာကို စိတ်ဝင်စားဖွယ် ရိုက်ပြထားပါတယ်။ File size… (1.1 GB) / (690 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Science Fiction Duration…. 01:36:29 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း