ဇာတ်ကားများ ရွေးရန်

What Does That Nature Say to You

2025ဇာတ်ကားအမှတ် 7.1/10109 မိနစ်

What Does That Nature Say to You (2025) ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးတို့အတွက် နာမည်ကြီး ဒါရိုက်တာ တစ်ယောက်ဖြစ်တဲ့ Hong Sang-Soo ရဲ့ Tarkovsky Film Festival မှာ Grand-Prix for Best Feature Film ဆု ရထားတဲ့ ဇာတ်လမ်းကောင်းတပုဒ်ကို တင်ဆက်ပေးလိုက်ရပါတယ်။ Cast တွေအနေနဲ့ကတော့ The Crowned Clown, Vigilante ထဲမှ ဝါရင့်သရုပ်ဆောင်ကြီး ဖြစ်တဲ့ Kwon Hae Hyo အပါအဝင် Ha Seong-guk ၊ Cho Yun-hee ၊Kang So-yi ၊ Park Mi-so တို့ အဓိက ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း ~ အသက် ၃၀ အရွယ် လူလတ်ပိုင်း ကဗျာဆရာတစ်ယောက်ဖြစ်တဲ့ ဒုံဟွာတစ်ယောက် ကောင်မလေးဖြစ်တဲ့ ဂျွန်ဟီးကို ဆိုးလ်ကနေ နယ်ကို ပြန်လိုက်ပို့ပေးရာကနေ မထင်မှတ်ထားဘဲ ဂျွန်ဟီးရဲ့ မိသားစုနဲ့ တွေ့ဖို့ အကြောင်းဖန်လာပါတော့တယ်။ အစီအစဥ်မရှိဘဲ ဗြုန်းစားကြီး ဂျွန်ဟီးရဲ့အဖေ၊ အမေနဲ့ အစ်မကို တွေ့လိုက်ရတာကြောင့် အစပိုင်း နေရခက်နေရာကနေ ဖော်ရွေတဲ့ ဂျွန်ဟီးရဲ့ အဖေနဲ့အတူ စကားပြောရင်း စားသောက်ရင်းနဲ့ တစ်နေ့တာအတူ ဖြတ်သန်းကြရင်း ဒုံဟွာရဲ့ ဆက်ဆံရေး၊ အနုပညာအပေါ်အမြင်နဲ့ အတွင်းစိတ်တို့ ပေါ်ထွက်လာပြီးနောက်မှာတော့.... အိမ်ထဲဝင်သွားတဲ့အချိန်နဲ့ ပြန်ထွက်လာတဲ့အချိန်ရဲ့ လူ့လောကနဲ့ သဘာဝရဲ့ မတူညီတဲ့ ခံစားမှုတွေကို ပြသထားပြီး ဘဝရဲ့ မျှော်လင့်ချက်နဲ့ လက်တွေ့ မတူညီမှုကို ခပ်ပါးပါးလေး လှစ်ဟပြသွားတဲ့ ရုပ်ရှင်ကားကောင်းလေး ဖြစ်လို့ ကြည့်ရှုခံစားပေးပါဦးနော်။ File Size : 2.19GB/ 1.03GB Quality : WEB-DL 1080p/ 720p Format : mp4 Duration : 1hr 49m Genre : Drama Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း