Sato and Sato
Sato and Sato (2025) လူတွေက မင်္ဂလာဆောင်တဲ့အခါ ဘယ်လိုအခက်အခဲ ဘာတွေပဲ ကြုံလာပါစေ ရင်ဆိုင်ကျော်ဖြတ်ကြမယ် သေမှပဲ ခွဲခွာကြမယ်ဘာညာဆိုပြီး ကတိသစ္စာပြုတတ်ကြပါတယ်။ ဒါပေမဲ့ တကယ်ရော သူတို့ဟာ ဒီအရာတွေကို ကြံ့ကြံ့ခံနိုင်ကြပါသလား...။ ဒီအရာလေးတွေကို မြင်တွေ့ရမယ့် ဂျပန်ဒရမ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မျိုးရိုးနာမည်က ဆာတိုဆိုပြီး နာမည်ချင်းတူနေကြတဲ့ ကောင်လေးနဲ့ ကောင်မလေးတို့ဟာ ကျောင်းသားဘဝကတည်းက ကော်ဖီကလပ်ထဲမှာတွေ့ပြီး ချစ်ကြိုက်လို့ အတူတူ Living Together နေထိုင်လာခဲ့ကြပါတယ်။ ယောကျာ်းလေး ဆာတိုက အချိန်ပိုင်းလုပ်နေရင်း ရှေ့နေဖြစ်ဖို့ စာမေးပွဲတွေ ကြိုးစားဖြေဆိုနေတော့ မိန်းကလေးဆာတိုကလည်း ငါ့ချစ်သူလို ငါလည်း ကြိုးစားမယ်ဆိုပြီး တူတူ လိုက်ဖြေရာကနေ ယောကျာ်းလေးက မအောင်ပဲ မိန်းကလေးက အောင်သွားပါတယ်။ အဲဒီမှာတင် တိုက်တိုက်ဆိုင်ဆိုင် မိန်းကလေး ဆာတိုလည်း ကိုယ်ဝန်ရှိလာပြီး သားလေးကို မွေးလာရတဲ့အခါ မိန်းကလေး ဆာတိုက ရှေ့နေအဖြစ် အလုပ်အကိုင်အဆင်ပြေပြီး မိသားစုကိုထောက်ပံ့ကာ ယောက်ျားလေးဆာတိုက စာမေးပွဲပြန်ဖြေဖို့လုပ်ပြီး ကလေးထိန်းပေါ့လေ။ အစပိုင်း ဒီလိုမျိုး အဆင်ပြေလာကြပေမဲ့ နောက်ပိုင်း ယောက်ျားက အလုပ်လက်မဲ့ ကလေးပဲထိန်းပြီး စာမေးပွဲတွေကလည်း မအောင်မြင်တော့ စိတ်ဓာတ်တွေကျ ယောက်ျားမာနသိက္ခာတွေထိပါးရင်း နှစ်ဦးသား အဖုအထစ်လေးတွေ ဖြစ်လာကြရင်း ဘယ်လိုဘယ်ပုံမျိုး ဆက်ဖြစ်ကြမလဲဆိုတာကို ခံစားရမှာပဲ ဖြစ်ပါတယ်...။
ဇာတ်လမ်းအကြောင်း