ဇာတ်ကားများ ရွေးရန်

Crocodile Tears (aka) Air Mata Buaya

2026ဇာတ်ကားအမှတ် 7.5/1098 မိနစ်

Crocodile Tears (2026) မိကျောင်းမွေးမြူရေးခြံတစ်ခုမှာ မိခင်ဖြစ်သူနဲ့အတူ ကြီးပြင်းလာခဲ့ရတဲ့ ဂျိုဟန် ဆိုတဲ့ လူငယ်လေးအကြောင်းကနေ စတင်ထားပါတယ်။ သူ့ရဲ့မိခင် မာမာအာစင်းဟာ သားဖြစ်သူကို ပြင်ပကမ္ဘာနဲ့ လုံးဝအဆက်အသွယ်ပြတ်အောင် ပိတ်လှောင်ထားပြီး ဘဝတစ်ခုလုံးကို စိတ်ကြိုက် ခြယ်လှယ် ချုပ်ချယ်တတ်သူ ဖြစ်ပါတယ်။ ဂျိုဟန်ဟာ မိခင်ဖြစ်သူ စိတ်တိုင်းကျ ဘဝကို ဖြတ်သန်းနေခဲ့တာပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ ဂျိုဟန်ဟာ ခြံဝင်းအပြင်ဘက်က ပြင်ပကမ္ဘာကြီးကို မထင်မှတ်ဘဲ မြင်တွေ့ထိတွေ့ခွင့်ရရှိသွားပြီး နိုဗီဆိုတဲ့ကောင်မလေးနဲ့ တွေ့ဆုံမိပြီး ပထမဆုံးအကြိမ် အချစ်နဲ့တွေ့သွားပါတော့တယ် သားဖြစ်သူဟာ သူမရဲ့ လက်ခုပ်ထဲကနေ ရုန်းထွက်ပြီး တခြားမိန်းကလေးတစ်ဦးနောက် ပါသွားတော့မယ်ဆိုတာကို သိလိုက်ရတဲ့အခါမှာတော့... မိခင်ဖြစ်သူ မာမာအာစင်းရဲ့ စိတ်တွေဟာ လုံးဝထိန်းချုပ်မရတော့ဘဲ ရူးသွပ်လာပါတော့တယ် ။ သူမဟာ သားဖြစ်သူကို မိမိအနားမှာပဲ ထာဝရပြန်လည်ပိတ်လှောင်ထားနိုင်ဖို့အတွက်... မိကျောင်းတွေထက် ကြောက်စရာကောင်းတဲ့ စိတ္တဗေဒဆန်ဆန် လှည့်ကွက်တွေ၊ ရက်စက်လှတဲ့ အကြံအစည်တွေနဲ့ ဘဝကို သွေးပျက်စရာ ကမောက်ကမတွေ ဘယ်လိုဖန်တီးမလဲဆိုတာကို ကြည့်မယ် အင်ဒိုနီးရှားရုပ်ရှင်ကားကောင်းဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း