ဇာတ်ကားများ ရွေးရန်

Sadali

2026ဇာတ်ကားအမှတ် 6.0/1089 မိနစ်

Sadali (2026) IMDb Rating (7.6) ဒီကားဟာ ၂၀၂၄ ထုတ် နာမည်ကျော် Hidup Ini Terlalu Banyak Kamu ဇာတ်ကားရဲ့ တိုက်ရိုက်အဆက်ဖြစ်ပြီး ပထမ ဇာတ်ကားက ဖြစ်ရပ်တွေအပြီး ၃ နှစ်အကြာမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဆာဒါလီက အတိတ်ကိုကျောခိုင်းပြီး မာဂီလန်းမှာ ပန်းချီဆရာအဖြစ် ဖြတ်သန်းရင်း သူ့ဘ၀ရဲ့အရေးကြီးဆုံး ပန်းချီပြပွဲအတွက် ပြင်ဆင်နေပါတယ်။ ဒါပေမယ့် အတိတ်ကချစ်သူဟောင်း မာရာ အိမ်ထောင်ပြုတော့မယ်ဆိုတဲ့ သတင်းစကားကြောင့် ရုန်းမထွက်နိုင်သေးတဲ့၊ ရုန်းထွက်နိုင်ခဲ့ပြီလို့ သူထင်ခဲ့တဲ့ အတိတ်နဲ့အတူ မာရာ၊ အန်နာဇာတို့ဟာသူ့ဘ၀ထဲကို တကျော့ကိုယ်စီပြန်ရောက်လာကြပြီး မပြီးပြတ်သေးတဲ့ အတိတ်ဇာတ်လမ်းတွေကို ရင်ဆိုင်ဖြေရှင်းဖို့ဖြစ်လာပါတော့တယ်။ ဒီဇာတ်ကားကိုလည်း ပရိသတ်တွေရဲ့တုန့်ပြန်မှုကောင်းတွေပဲ လက်ခံရရှိထားပြီး ဒရာမာများနေတဲ့ပထမဇာတ်ကားထက်စာရင် ဇာတ်ကောင်တွေက ပိုမိုရင့်ကျက်လာကြပြီး အချင်းချင်း အပြစ်တင်ငြူစူမှုတွေအစားအတိတ်က အရိပ်တွေကို ပြည်ဖုံးကားချဖို့ Closure ယူပုံကိုအလေးပေးထားသလို တည်ငြိမ်တဲ့ အရောင်တွေ နောက်ခံဂီတအေးအေးလေးတွေကို Producton design အမိုက်စားတွေနဲ့သေသေသပ်သပ်တင်ဆက်ထားပါတယ်။ ပထမကားမကြည့်ဖူးသူတွေပါကြည့်လို့ရမယ့် တန်းမြင့် romance/drama ကားကောင်းတစ်ကားပါ။ File size… (1 GB) / (600 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Romance Duration…. 01:29:21 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း