Quest for Camelot
Quest of Camelot (1998) အေးချမ်းသာယာတဲ့ ကမ်းမလော့ (Camelot) တိုင်းပြည်ကြီးကို " ဘုရင်အာသာ "က တရားမျှတမှုနဲ့အညီ အုပ်ချုပ်နေခဲ့တာပါ ကမ်းမလော့ရဲ့ သူရဲကောင်းဖြစ်တဲ့ ဆာလိုင်ယွန်နယ်ရဲ့ သမီးဖြစ်သူ "ကေလီ"ကတော့ အဖေဖြစ်သူကိုအားကျပြီး တနေ့မှာ အစည်းအဝေးထိုင်တဲ့ လုံးဝန်းတဲ့ စားပွဲဝိုင်းက သူရဲကောင်းတစ်ဦး ဖြစ်ချင်တဲ့ အိပ်မက်ရှိနေခဲ့ပါတယ် ဒါပေမဲ့ တိုင်းပြည်အာဏာကို သိမ်းပိုက်ချင်တဲ့ သစ္စာဖောက် သူရဲကောင်းဟောင်း ရူဘာက ကာလီရဲ့အဖေကို သတ်ခဲ့ပြီး တိုင်းပြည်ကနေ ထွက်ပြေးသွားခဲ့ပါတယ် ဆယ်နှစ်ကြာပြီးနောက်မှာတော့ ရူဘာဟာ မှော်ပညာတွေနဲ့အတူ ပြန်လည်ရောက်ရှိလာပြီး ဘုရင်အာသာရဲ့ တန်ခိုးကြီးတဲ့ အက်စကယ်လီဘာမှော်ဓားကို ခိုးယူပြီး ကမ်းမလော့တိုင်းပြည်ကို သိမ်းပိုက်ဖို ကြံစည်ပါတော့တယ် ဒါပေမဲ့ သူ့ရဲ့နောက်လိုက်က ဓားကို ခိုးယူရာမှာ မတော်တဆဖြစ်ပြီး တားမြစ်ထားတဲ့တောနက်ကြီးထဲကို ပစ်ချခဲ့မိပါတယ် အဲဒီအချိန်မှာ ရူဘာဟာ ကာလီရဲ့ အမေကို ဓားစာခံဖမ်းပြီး ကမ်းမလော့တိုင်းပြည်ကို ဝင်ရောက်စီးနင်းဖို ကြိုးစားပါတော့တယ် ကာလီဟာ အမေကို ကယ်တင်ဖိုနဲ့ တိုင်းပြည်ကြီး ပျက်စီးမယ့်ဘေးက ကာကွယ်ဖိုအတွက် ပျောက်ဆုံးသွားတဲ့ မှော်ဓားကို ရှာဖွေဖို တောနက်ကြီးထဲကို တစ်ယောက်တည်း ထွက်လာရင်း မျက်မမြင်ဖြစ်ပေမဲ့ တောအုပ်ထဲမှာ ကျွမ်းကျင်ပြီး သိုင်းပညာတော်တဲ့ "ဂါရက်"နဲ့ တွေ့ဆုံခဲ့ပါတယ် ကာလီနဲ့ဂါရက်တို ကြမ်းတမ်းတဲ့လမ်းခရီးမှာ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမလဲ သူတိုတွေ ရူဘာရဲ့ မကောင်းဆိုးဝါး နောက်လိုက်တွေရဲ့ ရန်ကနေ ဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲ ကာလီက ဓားကို ပြန်ယူပြီး ကမ်းမလော့ တိုင်းပြည်ကြီးကို ဘယ်လိုကယ်တင်နိုင်မလဲဆိုတာ.... ဒီဇာတ်ကားကတော့ စိတ်ဝင်စားဖိုကောင်းရုံမကဘဲ ဇာတ်ဝင်တေးတွေလည်း အရမ်းနားထောင်ကောင်းတာမို စိတ်အပန်းဖြေရင်း ကြည့်ဖို ညွှန်းပေးလိုက်ပါတယ်
ဇာတ်လမ်းအကြောင်း