ဇာတ်ကားများ ရွေးရန်

Enzo

2025ဇာတ်ကားအမှတ် 6.7/10102 မိနစ်

Enzo (2025) IMDb Rating (6.6) / Rotten Tomatoes (90%) ပြင်သစ်ကနေ ထွက်လာတဲ့ Coming-of-age drama ဇာတ်ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးက ၂၀၂၅ ခုနှစ် ကိန်းရုပ်ရှင်ပွဲတော် (Cannes Film Festival) မှာ အဖွင့်ကားအနေနဲ့ ပြသခဲ့တဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းလေးက အသက် ၁၆ နှစ်အရွယ် အန်ဇို (Enzo) ဆိုတဲ့ ကောင်လေးအကြောင်းပါ။ သူက ပြည့်စုံချမ်းသာတဲ့ မိသားစုကနေ ဆင်းသက်လာပေမယ့် မိဘတွေ မျှော်လင့်ထားတဲ့ လမ်းကြောင်းကို ငြင်းဆန်ပြီး ကျောင်းထွက်ကာ ပန်းရံအလုပ်သင် ဝင်လုပ်ခဲ့တယ်။ အဲဒီလိုနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာ ဗလက် (Vlad) ဆိုတဲ့ အသက် ၂၅ နှစ်အရွယ် ယူကရိန်းလူငယ်လေးတစ်ယောက်နဲ့ ဆုံမိသွားတယ်။ ဗလက်က ပြင်သစ်မှာပဲ ဆက်နေမလား၊ သူ့နိုင်ငံကို ပြန်ပြီး ရုရှား-ယူကရိန်း စစ်ပွဲမှာ ဝင်တိုက်ရမလားဆိုတဲ့ ဒွိဟတွေကြား ဗျာများနေတဲ့သူပေါ့။ အန်ဇိုက ဗလက်ရဲ့ ရင့်ကျက်မှုတွေ၊ ဖြတ်သန်းရတဲ့ ဘဝအခြေအနေတွေကို သဘောကျပြီး တဖြည်းဖြည်းနဲ့ ဗလက်အပေါ်မှာ သံယောဇဉ်တွေ ပိုလာပါတယ်။ ဒီကားလေးထဲမှာ အန်ဇိုတစ်ယောက် သူ့ရဲ့ လမ်း၊ လိင်စိတ်ခံယူချက်နဲ့ ဘဝရည်ရွယ်ချက်တွေကို ဘယ်လို ရှာဖွေသွားလဲဆိုတာ တွေ့ရမှာပါ။ Call Me by Your Name ဇာတ်ကားလေးကို သဘောကျတဲ့သူတွေဆိုရင် ဒီကားလေးကိုလည်း ကြိုက်ကြမှာပါ။ လူငယ်တစ်ယောက်ရဲ့ စိတ်လှုပ်ရှားမှု၊ မိသားစုနဲ့ အဆင်မပြေမှု၊ လူတန်းစား ကွာဟချက်တွေကို သဘာဝကျကျနဲ့ ပေါ့ပေါ့ပါးပါး ရိုက်ကူးပြထားတဲ့ ဇာတ်ကားလေးမို့ အေးအေးဆေးဆေး ကြည့်လို့ကောင်းမယ့် ကားလေးတစ်ကား ဖြစ်ပါတယ်။ File size… (1.8 GB) / (1.2 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:42:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း