Mothernet (aka) Esok Tanpa Ibu
Mothernet (2026) IMDb Rating (7.2) ရာမဆိုတဲ့ အသက် ၁၆ နှစ်အရွယ်လူပျိုပေါက်ကောင်လေးတစ်ယောက်မှာ ကြီးမားတဲ့စိတ်ဒဏ်ရာတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ဖခင်ဖြစ်သူ ဟန်ဒီနဲ့ အမြဲတမ်းအဆင်မပြေပဲ တစ်ချိန်လုံးအငြင်းပွားရန်ဖြစ်နေရတာပါပဲ။ မိခင်ဖြစ်သူ လာရပ်စ်ကသာ မေတ္တာနဲ့နားလည်မှုပေးပြီး သားအဖနှစ်ယောက်ကြားမှာ အလိုက်သင့်ညှိနှိုင်းပေးနေတဲ့ အခရာတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မိခင်ဖြစ်သူရုတ်တရက်ကွယ်လွန်ချိန်မှာတော့ သားအဖနှစ်ယောက်လုံး ရုတ်တရက်လမ်းပျောက်သွားခဲ့ရပါတယ်။ ဖခင်ဖြစ်သူနဲ့ထိပ်တိုက်မတွေ့ချင်၊ စကားပြောဖို့ဝန်လေးတဲ့ရာမဟာ ဟက်ကာသူငယ်ချင်းတစ်ယောက်ရဲ့အကူအညီနဲ့သူ့အမေရဲ့ ပင်ကိုယ်စရိုက်၊ အပြုအမူတွေအတိုင်း အွန်လိုင်းပေါ်ကနေ အတုယူတုံ့ပြန်ပေးမယ့် AI App တစ်ခုကို ဖန်တီးပြီး သုံးစွဲပါတော့တယ်။ အမေ တကယ်ရှိနေသလို ခံစားရစေတဲ့ အဲဒီ AI အက်ပ်ကို သုံးရင်း သုံးရင်းနဲ့ နောက်ဆုံးမှာ ရာမတစ်ယောက် အပြင်လောကက လူသားတွေနဲ့ သူ့ဖခင်ထက် AI ကိုပဲ ပိုပြီး အားကိုးစွဲလမ်းသွားတဲ့အခါမှာတော့...။ AI နည်းပညာဟာ ကျွန်တော်တို့မိသားစုဝင်တွေနေရာကိုတကယ်ပဲအစားထိုးဝင်ရောက်နိုင်လားဆိုတဲ့ဒီနေ့ခေတ်အတွက် သတိထားစရာမေးခွန်းကို အားကောင်းကောင်းနဲ့မီးမောင်းထိုးပြသွားပါတယ်။ တစ်ဖက်ကလည်း Ai နဲ့ အနာဂတ်ကာလကိုအခြေခံထားပေမယ့် လူငယ်တစ်ယောက်ရဲ့ရှုပ်ထွေးတဲ့ စိတ်ဒဏ်ရာတွေ၊ ဖခင်ဖြစ်သူနဲ့ကြား ဆက်ဆံရေးလိုအပ်ချက်ကြောင့်ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကိုပီပီပြင်ပြင်သရုပ်ဖော်ထားပြီး VFX တွေအတော်များများ သုံးထားပေမယ့် တခြား Sci-Fi ကားတွေလိုမျက်စိစူးစရာ အရောင်တွေပြောင်လက်တောက်ပမနေပဲ လက်တွေ့ဘ၀နဲ့အနီးစပ်ဆုံးပြထားနိုင်တာလည်း ချီးကျူးစရာကောင်းပါတယ်။ File size… (1.2 GB) / (750 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Science Fiction Duration…. 01:48:24 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း