ဇာတ်ကားများ ရွေးရန်

Color Book

2025ဇာတ်ကားအမှတ် 9.0/10115 မိနစ်

Color Book (2025) The Pursuit of Happyness လိုမျိုး မိဘနဲ့သားသမီးကြားက ဘဝကို ကြံ့ကြံ့ခံ ရုန်းကန်ပုံတွေကို အဖြူအမဲပုံစံနဲ့ပုံဖော်ထားတဲ့ Indie Drama ကားဖြစ်ပါတယ် ဇနီးဖြစ်သူ ရုတ်တရက် ကွယ်လွန်သွားခဲ့ပြီးနောက် ကျန်ရစ်သူ ဒေါင်းဆန်ဒရုန်း ဝေဒနာရှင် သား မေဆန်ကို တစ်ကိုယ်တည်း တာဝန်ယူ စောင့်ရှောက်ရတော့မယ့် ဖခင် "လပ်ကီ" အကြောင်းကနေ စတင်ထားပါတယ်။ လပ်ကီဟာ ဇနီးဖြစ်သူ ဆုံးရှုံးရတဲ့ ဝမ်းနည်းပူဆွေးမှုတွေ ရှိနေပေမဲ့ သားဖြစ်သူအတွက် စိတ်ဓာတ်မကျဘဲ ဘဝသစ်ကို အသားကျအောင် ကြိုးစားရပါတယ် တစ်နေ့မှာတော့ ဖခင်ဖြစ်သူဟာ သားဖြစ်သူရဲ့ ပျော်ဖို့နဲ့ အမြင်သစ်တွေ ရဖို့အတွက်... သူတို့နှစ်ဦးလုံး တစ်ခါမှ မရောက်ဖူးသေးတဲ့၊ သားဖြစ်သူ အလွန်ကြည့်ချင်နေတဲ့ Atlanta Braves အဖွဲ့ရဲ့ ဘေ့စ်ဘောပွဲစဉ်ကို သွားရောက်ကြည့်ရှုဖို့ အစီအစဉ်ဆွဲပါတော့တယ်။ ဒီလိုနဲ့ သူတို့သားအဖနှစ်ဦးဟာ အတ္တလန်တာမြို့ရဲ့ အလှအပတွေ၊ အတက်အကျတွေ၊ ခရီးလမ်းမှာ ကြုံတွေ့ရမယ့် အခက်အခဲတွေနဲ့ မထင်မှတ်ထားတဲ့ လူမှုပတ်ဝန်းကျင်ရဲ့ စိန်ခေါ်မှုတွေကို အတူတကွ ရင်ဆိုင်ကျော်ဖြတ်ရင်း... ဖခင်နဲ့သားကြားက မေတ္တာတရားကို ပိုမိုခိုင်မြဲအောင် ဘယ်လိုမျိုးတည်ဆောက်သွားမလဲဆိုတာကို ရိုက်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း