Stonewall
Stonewall (2015) ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Stonewall ရုပ်ရှင်ဟာ ၁၉၆၉ ခုနှစ်၊ နယူးယောက်မြိုမှာ ဖြစ်ပွားခဲ့ပြီး ကမ္ဘာ့ LGBTQ+ အခွင့်အရေးလှုပ်ရှားမှုရဲ့ သမိုင်းဝင်အချိုးအကွေ့တစ်ခုဖြစ်တဲ့ "Stonewall Riots"အဓိကရုဏ်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ သမိုင်းကြောင်းဖြစ်ရပ်မှန် ရုပ်ရှင်ကားတစ်ကား ဖြစ်ပါတယ် " ဒန်နီ "ဆိုတာ တောမြိုလေးတစ်မြိုက လူငယ်လေးတစ်ယောက်ပါ သူဟာ လိင်တူချစ်သူတစ်ယောက်ဖြစ်တာကို မိသားစုနဲ့ ပတ်ဝန်းကျင်က သိသွားပြီးနောက်မှာ ဖခင်ဖြစ်သူရဲ့ ငြင်းပယ်မှုကို ခံရပြီး နောက်အိမ်ကနေ မောင်းထုတ်ခြင်း ခံခဲ့ရပါတယ် အဲဒါကြောင့် ဒန်နီဟာ ဘဝသစ်စဖိုအတွက် နယူးယောက်မြို ဂရင်းနစ်ရွာဆီ ထွက်ပြေးတိမ်းရှောင်လာခဲ့ပါတယ် နယူးယောက်ကို ရောက်တဲ့အခါ ဒန်နီဟာ အိုးမဲ့အိမ်မဲ့ဖြစ်နေပြီး လမ်းဘေးမှာ ခိုလှုနေရတဲ့ အခြား LGBTQ+ လူငယ်တွေနဲ့ ဆုံတွေ့ခဲ့ပါတယ်။ သူ့ကို ကူညီစောင့်ရှောက်ပေးမယ့်" ရေး"ဆိုတဲ့ Transgenderအမျိုးသမီးနဲ့ လည်းခင်မင်သွားပြီး Mafia တွေပိုင်တဲ့ လိင်တူချစ်သူတွေ အဓိကစုဝေးရာ " Stonewall Inn "ဆိုတဲ့ Barကို ရောက်ရှိသွားပါတယ် အဲဒီခေတ်ကာလက အမေရိကန်မှာ လိင်တူချစ်သူဖြစ်ခြင်းဟာ တရားမဝင်သလို ရဲတပ်ဖွဲရဲ့ မတရားဖမ်းဆီးခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းနဲ့ လူ့အဖွဲအစည်းရဲ့ ခွဲခြားဆက်ဆံမှုတွေကို အပြင်းအထန် ခံနေရတဲ့ အချိန်ဖြစ်ပါတယ် ရဲတွေက Stonewall Inn ဘားကို ခဏခဏ ဝင်ရောက်စီးနင်းပြီး နှောင့်ယှက်လေ့ရှိပါတယ် နောက်ဆုံးမှာတော့ ရဲတပ်ဖွဲရဲ့ ရိုင်းစိုင်းတဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေ မတရားမှုတွေကို ဒန်နီနဲ့ သူ့ရဲ့သူငယ်ချင်းတွေအပါအဝင် အဲဒီက LGBTQ+ အသိုက်အဝန်းက သည်းမခံနိုင်တော့ပဲပြန်လည်တော်လှန်ဖို ဆုံးဖြတ်ခဲ့ကြပါတယ် ဒါဟာ အမေရိကန်သမိုင်းမှာ ထင်ရှားတဲ့ ရဲတပ်ဖွဲနဲ့ အရပ်သားတွေကြား ၆ ရက်ကြာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြီးကို စတင်စေခဲ့ပြီး ကမ္ဘာတစ်ဝန်းက လိင်တူချစ်သူများ အခွင့်အရေး လှုပ်ရှားမှုကြီးကို အရှိန်အဟုန်ပြင်းစွာ ပေါက်ကွဲထွက်ပေါ်လာစေခဲ့တဲ့ လှုပ်ရှားမှုကြီးကို ပုံဖော်ပြသထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း