Death on the Nile
နိုင်းမြစ်ထဲက သင်္ဘောကြီးတစ်စီးပေါ်မှာ လူသတ်မှုဖြစ်လာပြီး စုံထောက်ကြီး ဟာကျူလီ ပွာရိုးနဲ့ ဘုခ်တို့ အမှုလိုက်ကြရပါတယ်။ တရားခံဟာ သင်္ဘောပေါ်က ခရီးသည်တွေထဲမှာပဲ ရှိနေတာမို့ တစ်ယောက်ချင်းစီကို စစ်မေးပြီး ရလာတဲ့သဲလွန်စတွေကို ဆက်စပ်ဖော်ထုတ်ရတော့တယ်။ Murder on the Orient Express ရဲ့ နောက်ဆက်တွဲဖြစ်တဲ့ ဒီရုပ်ရှင်မှာ ဘယ်သူအသတ်ခံရမလဲဆိုတာကစလို့ ဘာကြောင့်သတ်တာလဲ၊ ဘယ်သူက ဘယ်လိုသတ်ခဲ့တာလဲအထိ မေးခွန်းတွေ တစ်ခုပြီးတစ်ခု ပေါ်လာပါတယ်။ နာမည်ကျော်သရုပ်ဆောင်များစွာ ပါဝင်ထားပြီး အမှုရဲ့အဖြေတွေကို နောက်ဆုံးပိုင်းရောက်မှ ရှင်းပြထားတာဖြစ်လို့ စုံစမ်းမှုတစ်လျှောက် သဲလွန်စတွေနဲ့အတူ လိုက်ခန့်မှန်းရမှာပါ။
ဇာတ်လမ်းအကြောင်း