ဇာတ်ကားများ ရွေးရန်

The Love Heist

2026ဇာတ်ကားအမှတ် 6.5/10

The Love Heist (2026) ++++++++++ ဒီနေ့မှာတော့ ရိုးမန့်စ်လည်းဆန်၊ ဖက်ရှင်လောကနောက်ခံနဲ့ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ 2026 ထွက် ရုပ်ရှင်အသစ်စက်စက်လေးဖြစ်တဲ့ ”The Love Heist” အကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လိုက်ကျော်မလေး Kayli က နာမည်ကြီးအနုပညာရှင်တွေကို အဝတ်အစားဆင်ယင်ပေးရတဲ့ Celebrity Stylist တစ်ယောက်ပေါ့။ သူ့အသက်မွေးဝမ်းကျောင်းမှာ အရေးကြီးဆုံးပွဲဖြစ်တဲ့ Chicago Costume Gala ပွဲကြီးမှာ ကမ္ဘာကျော်မင်းသမီးတစ်ယောက်ကို အဝတ်အစားဆင်ပေးဖို့ အခွင့်အရေးရလာပါတယ်။ ဒါတင်တင်မကသေးဘဲ သူတာဝန်ယူပြီး ဆင်ပေးရမယ့်ဂါဝန်က သာမန်ဂါဝန်မဟုတ်ဘဲ ဟောလိဝုဒ်သမိုင်းဝင်မင်းသမီးကြီး Elizabeth Taylor ဝတ်ဆင်ခဲ့တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အဖိုးတန်ဂါဝန်ကြီး ဖြစ်နေတာပါ။ ဒါပေမဲ့ ပြဿနာက ပွဲမစခင်လေးမှာပဲ အဲဒီသမိုင်းဝင်ဂါဝန်ကြီးက ကောင်မလေးရဲ့ မျက်စိအောက်တင် အခိုးခံလိုက်ရတာပါပဲ။ အလုပ်လည်းပြုတ်၊ နာမည်လည်းပျက်တော့မယ့် ဘေးဒုက္ခနဲ့ ရင်ဆိုင်လိုက်ရတဲ့အချိန်မှာ သူ့ကိုကူညီဖို့ ဟိုတယ်ရဲ့ လုံခြုံရေးအရာရှိ ချုပ်ဖြစ်တဲ့ Mills ဆိုတဲ့ လူချောလေး ရောက်လာပါတော့တယ်။ ပွဲစဖို့ နာရီပိုင်းပဲ လိုတော့တဲ့အချိန်မှာ ဒီအဖိုးတန်ဂါဝန်ကြီးကို ပြန်ရဖို့အတွက် Kayli နဲ့ Mills တို့နှစ်ယောက် ဟိုတယ်တစ်ခုလုံးမှာ လျှို့ဝှက်စုံစမ်းရင်း၊ လူဆိုးနောက်ကို လိုက်ရင်းနဲ့... တစ်ယောက်နဲ့တစ်ယောက် ရင်ခုန်သံတွေ ထပ်တူကျလာကြတာပဲ ဖြစ်ပါတယ်။ ဖက်ရှင်လှလှပပတွေ၊ အချစ်ဇာတ်လမ်းရိုမန်းတစ်လေးတွေအပြင် ပဟေဠိဆန်ဆန် စုံစမ်းထောက်လှမ်းရတဲ့ ပေါ့ပေါ့ပါးပါး ဇာတ်ကားမျိုး ကြိုက်တတ်ရင်တော့ ဒီဇာတ်ကားလေးက လုံးဝအကြိုက်တွေ့စေမှာပါ။ File Size… (1.12GB) / (612MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 24m Genre ….Drama , Romance Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း