The Dashed Lines
The Dashed Lines (2026) ၂၀၂၅ နှစ်ကုန်ပိုင်းကမှ ပွဲဦးထွက်ပြသခဲ့ပြီး တကယ့်ကို ထူးခြားတဲ့ ရုပ်ရှင်အသေးစား (Indie) Drama/Comedy အမျိုးအစားလေးဖြစ်တဲ့ ဒီဇာတ်လမ်းရဲ့ အစက တကယ့်ကို ထင်မှတ်မထားစရာ ဖြစ်ရပ်တစ်ခုကနေ စတာပါ။ အသက် ၅၀ အရွယ်အမျိုးသမီးကြီး ဘီယာ (Bea) က ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းပြတ်စဲဖို့ ပြင်ဆင်နေပြီး နှစ်ပေါင်း ၂၀ လောက် အခြေချနေထိုင်ခဲ့တဲ့ အိမ်ကြီးကို စွန့်ခွာရတော့မယ့်သူပေါ့။ ရင်ထဲမှာလည်း အထီးကျန်မှုတွေ၊ စိတ်ဒဏ်ရာတွေနဲ့ ပြည့်နေတာပါ။ အသက် ၂၈ နှစ်အရွယ် ဒန်းနစ် (Denís) က အမျိုးသမီးကနေ အမျိုးသားအဖြစ် ကူးပြောင်းထားသူပါ။ သူက ရော့ခ်ဂီတကို ဝါသနာပါပြီး ဝါသနာတူသူငယ်ချင်းတွေနဲ့အတူ တီးဝိုင်းအသေးလေးတစ်ခုမှာ တီးနေပေမယ့် တကယ့်လက်တွေ့ဘဝမှာတော့ ဆိပ်ကမ်းမှာ အလုပ်ကြမ်းလုပ်ပြီး ပိုက်ဆံရုန်းကန်စုနေရသူလေးပေါ့။ တစ်ရက်မှာ ဒန်းနစ်နဲ့ သူ့သူငယ်ချင်းတစ်စုက အိမ်ကြီးတစ်အိမ်ကို ဖောက်ထွင်းပြီး ပစ္စည်းတွေ ဝင်ခိုး၊ အိမ်ထဲမှာ သောက်စားမွှေနှောက်ကြတယ်။ အဲဒီအိမ်က တခြားအိမ်မဟုတ်ဘဲ ဘီယာရဲ့ အိမ်ကြီးဖြစ်နေတာပါပဲ။ သူငယ်ချင်းတွေက ပစ္စည်းတွေခိုးပြီး ထွက်ပြေးသွားကြပေမယ့် ဒန်းနစ်ကတော့ အရက်တွေမူးပြီး အိမ်က ကုတင်ပေါ်မှာတင် အိပ်ပျော်ကျန်ခဲ့ပါတယ်။ အိမ်ရှင် ဘီယာ ပြန်လာတဲ့အချိန်မှာ အိမ်ကြီးတစ်ခုလုံး ရှုပ်ပွနေပြီး ကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ သူခိုးလေး ဒန်းနစ်ကို တွေ့လိုက်ရတဲ့အခါ... ပုံမှန်ဆို ရဲတိုင်ရမှာဖြစ်ပေမယ့် ဒီနေရာမှာတော့ အလှည့်အပြောင်းက စတာပါပဲ။ ရဲတိုင်မယ့်အစား သူတို့နှစ်ယောက်ဟာ ထူးထူးဆန်းဆန်း တစ်အိမ်ထဲမှာ ၃ ရက်လောက် အတူတူ ဖြတ်သန်းဖြစ်သွားပြီး တစ်ယောက်ဘဝအကြောင်း တစ်ယောက် သိခွင့်ရလာကြပါတယ်။ ဒီကားက ပုံမှန်တွေ့နေကျ အချစ်ကားတွေလိုမျိုး မဟုတ်ဘဲ ရုန်းကန်နေရတဲ့ လူနှစ်ယောက်ကြားက ထူးခြားတဲ့ သံယောဇဉ်ကို အေးအေးလူလူနဲ့ ရင်ထဲရောက်အောင် ရိုက်ပြထားတာပါ။ ဘီယာက သွေးဆုံးကိုင်တဲ့ ဝေဒနာနဲ့ အိမ်ထောင်ရေးပျက်စီးမှုကို ရင်ဆိုင်နေရချိန်၊ ဒန်းနစ်ကလည်း ဟော်မုန်းဆေးတွေသောက်ပြီး ဘဝကို အသစ်ကစဖို့ ကြိုးစားနေရချိန်မှာဖြစ်ပါတယ်။ သားအမိအရွယ်လောက် ကွာခြားပေမယ့် သူတို့နှစ်ယောက်လုံးက ဘဝရဲ့ အလှည့်အပြောင်းထဲမှာ အထီးကျန်နေသူတွေ ဖြစ်နေကြလို့ တစ်ယောက်ကိုတစ်ယောက် နားလည်ပေးနိုင်စွမ်း ရှိသွားကြပါတယ်။ ဇာတ်ကားထဲမှာ Galician Rock သီချင်းဟောင်းတွေကို ဇာတ်ကောင်တွေကိုယ်တိုင် နားထောင်ရင်း သူတို့ရဲ့ စိတ်အနာရွတ်တွေကို ကုစားသွားတဲ့ပုံစံက တကယ့်ကို အနုပညာဆန်ပါတယ်။ ဟောလိဝုဒ်ကားကြီးတွေလို ဇာတ်ရှိန်အလှည့်အပြောင်း အကြီးကြီးတွေမပါဘဲ လူသားချင်း စာနာနားလည်မှု၊ နွေးထွေးမှုတွေကိုပဲ အဓိက ပုံဖော်သွားတာမို့လို့ သက်သောင့်သက်သာနဲ့ ကြည့်လို့ကောင်းတဲ့ ကားလေးပါ။ ရုပ်ရှင်တစ်ကားလုံးကို စပိန်နိုင်ငံ၊ ဂါလီစီယာဒေသရဲ့ လှပတဲ့ အိမ်တွင်းအပြင်အဆင်၊ ရှုခင်းတွေနဲ့ ရိုက်ကူးထားတာမို့လို့ ပုံစံဆန်းဆန်း၊ ခံစားချက်အေးအေးလေးနဲ့ အနုပညာဆန်တဲ့ ရုပ်ရှင်မျိုး ကြည့်ချင်တယ်ဆိုရင်တော့ The Dashed Lines ကို မလွတ်တမ်း ကြည့်လိုက်ဖို့ ညွှန်းပါရစေ။ File Size - 1.5 GB/ 494 MB Quality - WEB-DL 1080p/ 720p Duration - 1h 24m Format - mp4 Genre - Drama, Romance Subtitle - Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း