ဇာတ်ကားများ ရွေးရန်

Kaunis rietas onnellinen

2026ဇာတ်ကားအမှတ် 7.0/10117 မိနစ်

Kaunis rietas onnellinen (2026) ဒီဇာတ်လမ်းကတော့ ဖင်လန်ရဲ့ အကျော်ကြာဆုံး ပေါ့ပ်အဆိုတော်တွေထဲက တစ်ယောက်ဖြစ်တဲ့ Kaija Koo ရဲ့ ဘဝနဲ့ ဂီတခရီးစဉ်အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ရှက်တတ်ပြီး သိမ်ငယ်စိတ်ရှိတဲ့ မိန်းမငယ်လေးတစ်ယောက်အဖြစ်ကနေ Emma awards 6 ခုထိ ရခဲ့တဲ့ ဖင်လန်ဂီတသမိုင်းမှာ အအောင်မြင်ဆုံး solo artists တွေထဲက တစ်ယောက်ဖြစ်တဲ့အထိ သူ့ဘဝအပြောင်းအလဲတွေကို တွေ့ရမှာပါ။ 1990s မှာ သူ့ရဲ့ solo ဂီတလုပ်ငန်းကို စတင်ခဲ့ပြီး Kuka keksi rakkauden ဆိုတဲ့ အရမ်းပေါက်သွားတဲ့ သီချင်းနဲ့ နိုင်ငံကျော် စတားအဆိုတော် တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အောင်မြင်ကျော်ကြားမှု့နဲ့အတူ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ရုန်းကန်ရမှုတွေလည်း စလာပါတော့တယ်။ သူမရဲ့ ရွှေအဆင့် အရောင်းအမ်လ်ဘမ်တွေ၊ လက်မှတ်ကုန်ရောင်းရတဲ့ ဖျော်ဖြေပွဲတွေနဲ့ လုပ်ငန်းအောင်မြင်မှုတစ်လျှောက်အချိန်မှာပဲ တကယ်တော့ Kaija က နောက်ကွယ်မှာ -ဆုံးသွားတဲ့ သူ့အဖေအတွက် ပူဆွေးမှု၊ -သူ့အမေနဲ့ ရှိနေတဲ့ ခက်ခဲတဲ့ဆက်ဆံရေး၊ -ငွေရေးကြေးရေး အခက်အခဲတွေ၊ -သူ့ခင်ပွန်းရဲ့ အရက်စွဲရောဂါနဲ့ နောက်ဆက်တွဲ အိမ်ထောင်ကွာရှင်းမှု၊ -ကျော်ကြားမှု့ရဲ့ အကြောက်တရား၊ စိုးရိမ်မှုတွေ၊ ခြောက်လှန့်လွှမ်းမိုးနေတဲ့ အရိပ်မဲတွေနဲ့ ဘယ်လိုရင်ဆိုင်ခဲ့ရတယ်ဆိုတာကို အရှိအတိုင်းဖော်ပြသွားမဲ့ အတ္ထုပတ္တိ ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ File size… (1.7 GB) / (890 MB) Quality…. WEB-Rip 1080p / 720p Format…. mp4 Genre…. Biography, Drama, Music Duration…. 01:57:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း