ဇာတ်ကားများ ရွေးရန်

The Hole

2009ဇာတ်ကားအမှတ် 5.8/1092 မိနစ်

"ဒိန်း" နဲ့ "လူကပ်စ်" ဆိုတဲ့ ညီအစ်ကိုနှစ်ယောက်ဟာ အ​မေနဲ့အတူ မြို့သစ်တစ်ခုက အိမ်ဟောင်းကြီးကို ပြောင်းလာခဲ့ကြပါတယ်။ ဘေးအိမ်က "ဂျူလီ" ဆိုတဲ့ ကောင်မလေးနဲ့ ခင်သွားကြပြီး အိမ်ကို လျှောက်ကြည့်ရင်း မြေအောက်ခန်းထဲမှာ သော့အထပ်ထပ် ခတ်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ တွင်းနက်ကြီးတစ်ခုကို မမျှော်လင့်ဘဲ တွေ့သွားခဲ့ကြတာပါ။ ​သူတို့ တွင်းဝကို ဖွင့်ကြည့်လိုက်တဲ့အခါ တွင်းထဲမှာ ဘာအောက်ခြေမှမရှိဘဲ အဆုံးမဲ့နက်ရှိင်းနေပါတယ် အဲဒီတွင်းကြီးကို ဖွင့်မိပြီးတဲ့နောက်မှာပဲ သူတို့သုံးယောက်စလုံး ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်ဆန်းတွေ တစ်ယောက်ပြီးတစ်ယောက် ဖြစ်လာပါတော့တယ်။ တကယ်​တော့ အဲဒီတွင်းကြီးက ရိုးရိုးတွင်းတစ်ခု မဟုတ်ဘဲ တွင်းနက်ကြီးကို ကြည့်မိတဲ့သူတွေက သူတို့တစ်ဦးချင်းစီရဲ့ စိတ်ထဲမှာ အမြစ်တွယ်နေတဲ့ အတိတ်ဆိုးတွေနဲ့ အကြောက်တရားတွေကို သက်ရှိ ထင်ရှားပုံစံမျိုးနဲ့ ထွက်လာပြီး သူတို့ကို အသက် အန္တရာယ်ပြုဖို့အထိ ခြောက်လှန့်လာတာမျိုးပါ။ ​နောက်ဆုံးမှာတော့ သူတိုသုံးယောက်ဟာ ဒီတွင်းနက်ကြီးရဲ့ အန္တရာယ်ကနေ လွတ်မြောက်ဖို့အတွက် စိတ်ထဲမှာရှိတဲ့ အကြောက်တရားတွေကို ကျော်လွှားနိုင်ပါ့မလား... သူတို့တစ်ယောက်ချင်းစီရဲ့စိတ်ထဲမှာ ရှိနေတဲ့ အကြောက်တရားက ဘာတွေလဲဆိုတာ... ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ "The Hole" ဆိုတဲ့ တွင်းနက်ကြီးကို ဝိုင်းကြည့်ပေးလိုက်​ကြပါအုံး

ဇာတ်လမ်းအကြောင်း