ဇာတ်ကားများ ရွေးရန်

The Truck

2008ဇာတ်ကားအမှတ် 7.6/1096 မိနစ်

The Truck (2008) // 24 Hours to Die (2008) အခုလက်ရှိ အရမ်းနာမည်ကြီးနေတဲ့ The King's Warden နဲ့ Exhuma တို့လို ကားတွေမှာ သရုပ်ဆောင်ကောင်းလွန်းလို့ လူချစ်လူခင်များတဲ့ မင်းသားကြီး Yoo Hae-jin နဲ့ Descendants of the Sun ထဲက ဗိုလ်ကြီးအဖြစ် အားလုံးသိကြတဲ့ မင်းသား Jin Goo တို့ နှစ်ယောက် မီးပွင့်မတတ် အားပြိုင်ထားတဲ့ Crime-Thriller ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ​ရိုးသားတဲ့ ထရပ်ကားမောင်းသမားတစ်ယောက်ဖြစ်တဲ့ ချောမင်း(Yoo Hae-jin)ဟာ သမီးဖြစ်သူရဲ့ နှလုံးခွဲစိတ်ခအတွက် .. လူမိုက်ဂိုဏ်းခေါင်းဆောင် သ*တ်ထားတဲ့ "လူသေအလောင်းတွေကို ၂၄ နာရီအတွင်း ကားနဲ့တင်ပြီး သွားဖျောက်ပေးရမယ့်" အပေးအယူတစ်ခုကို မလွဲသာဘဲ လက်ခံလိုက်ရရာကနေ ဇာတ်လမ်းကို စထားပါတယ်။ ​မိုးသည်းထန်စွာရွာနေတဲ့ ညဉ့်နက်သန်းခေါင်၊ ကားနောက်ခန်းမှာ လူသေအလောင်းတွေအပြည့်နဲ့ ရဲကင်းတွေကို ရင်တထိတ်ထိတ် ဖြတ်ကျော်နေရတဲ့အချိန်... လမ်းခုလတ်မှာ အကျဥ်းထောင်ပို့ဆောင်ရေးယာဥ်ပေါ်ကနေ ထွက်ပြေးလာတဲ့ ရက်စက်လွန်းတဲ့ ကွင်းစက်လူသတ်သမား တစ်ယောက်(Jin Goo)ကို မသိဘဲ ကားပေါ်တင်ခေါ်မိသွားတဲ့အခါမှာတော့... ​ကားနောက်ခန်းမှာက အလောင်းတွေ...ဘေးက ခရီးသည်က လူသတ်သမား...​ မောင်းနေတဲ့သူက သမီးအတွက် အသက်လုနေရတဲ့ ဖခင်...​ ဒီလို သေတွင်းထဲက အခြေအနေမျိုးမှာ ထရပ်ကားမောင်းသမားတစ်ယောက် လူသတ်သမားနဲ့ ဘယ်လိုအသက်လုပြီး ရင်ဆိုင်မလဲ။ သမီးလေးဆီကိုရော ပိုက်ဆံတွေနဲ့အတူ အသက်ရှင်လျက် ပြန်ရောက်နိုင်ပါ့မလားဆိုတာကို အခုပဲ သည်းထိတ်ရင်ဖို အတူတူ ကြည့်ရှုလိုက်ကြရအောင်နော်။ File size…1.72GB / 879MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 36 min. Genre ….. Action, Thriller, Mystery, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း