ဇာတ်ကားများ ရွေးရန်

Hero of the Red Light District (aka) Yôtô monogatari: hana no Yoshiwara hyakunin-giri

1960ဇာတ်ကားအမှတ် 8.7/10109 မိနစ်

ဒီဇာတ်လမ်းကတော့ မွေးကတည်းက မျက်နှာမှာ ထင်ရှားပြီး ကြောက်စရာကောင်းတဲ့ အမှတ်ကြီးတစ်ခု ပါလာတာကြောင့် လူတကာရဲ့ နှိမ့်ချရွံရှာခြင်းကို ခံခဲ့ရတဲ့ ဆာနိုဂျီရို ဆိုတဲ့ အမျိုးသားတစ်ဦးရဲ့ ဝမ်းနည်းကြေကွဲဖွယ်ရာ ဇာတ်လမ်းဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဉ်း သူဟာ စိတ်သဘောထားကောင်းမွန်ပြီး အလုပ်သမားတွေအပေါ် ကူညီတတ်တဲ့ ချမ်းသာတဲ့ ရက်ကန်းသမားတစ်ဦး ဖြစ်ပေမဲ့ ၊ အဲဒီအမှတ်ကြီးကြောင့်ပဲ အိမ်ထောင်ဖက်ရှာတဲ့အခါတိုင်း အကြိမ်ကြိမ် ငြင်းပယ်ခံခဲ့ရပါတယ်။ တစ်နေ့မှာတော့ သူဟာ မိတ်ဆွေတွေရဲ့ တိုက်တွန်းမှုကြောင့် ဖျော်ဖြေရေးနယ်မြေတစ်ခုဖြစ်တဲ့ ယိုရှီဝါရာ သို ပထမဆုံးအကြိမ် အပန်းဖြေဖို့ ရောက်ရှိသွားခဲ့ပါတယ် ။ ဒါပေမဲ့ ထုံးစံအတိုင်း ဟယိုဂိုယာ အမျိုးသမီးတွေဟာလည်း သူ့ရဲ့ ရုပ်ဆိုးလှတဲ့ အမှတ်ကြီးကို မြင်ပြီး ရွံရှာပြီး ထွက်ပြေးကြပါတော့တယ်။ ဒီလိုနဲ့ လူမှုပတ်ဝန်းကျင်ရဲ့ စိတ္တဇဒဏ်ရာတွေ၊ အချစ်စစ်ကို တောင့်တပေမဲ့ သရော်လှောင်ပြောင်ခံရမှုတွေက ဂျီရိုကို တဖြည်းဖြည်းနဲ့ စိတ်ပိုင်းဆိုင်ရာ ပေါက်ကွဲမှုတွေဆီသို တွန်းပိုရာကနေ... နောက်ဆုံးမှာတော့ ယိုရှီဝါရာ သမိုင်းတစ်လျှောက် သွေးချောင်းစီးခဲ့ရတဲ့ တုန်လှုပ်ချောက်ချားဖွယ် လူသတ်မှုကြီးတစ်ခု ဖြစ်ပွားလာခဲ့ပုံကို ရင်နင့်ဖွယ်ရာ ရိုက်ကူးတင်ဆက်ထားတဲ့ ဂျပန်ဂန္ထဝင် ဒရာမာဇာတ်ကားကြီး ဖြစ်ပါတယ် ။

ဇာတ်လမ်းအကြောင်း