ဇာတ်ကားများ ရွေးရန်

Feels Like Home (aka) Itt érzem magam otthon

2026ဇာတ်ကားအမှတ် 7.1/10124 မိနစ်

Feels Like Home (2026) IMDb Rating (7.8) ရီတာဆိုတဲ့ အရောင်းဝန်ထမ်း ကောင်မလေးဟာ ပါပါး လို့ သူ့ကိုယ်သူ အမည်တပ်ထားတဲ့ အာဏာရှင်ဆန်ဆန်ဖခင် အုပ်ချုပ်တဲ့ မိသားစုတစ်စုရဲ့ပြန်ပေးဆွဲတာကိုခံလိုက်ရပါတယ်။ သူတို့မိသားစုဝင်တွေက သူ့ကိုပျောက်ဆုံးသွားတဲ့ သူတို့မိသားစုထဲက ဆီလ်ဗီဆိုတဲ့ မိန်းကလေးလို့အထင်ရှိနေပြီး သူ့ကိုလည်း သူဟာ ဆီလ်ဗီဖြစ်ကြောင်း ဝန်ခံလာအောင် အတင်းအကျပ်ရိုက်သွင်းပါတော့တယ်။ အခြေအနေကိုအကဲခတ်ပြီး အလိုက်အထိုက်နေမှ သက်သာမယ်ဆိုတာ သဘောပေါက်သွားတဲ့ ရီတာဟာ သူ့ကိုယ်သူ ဆီလ်ဗီအဖြစ်ခံယူလိုက်ပြီး မိသားစုထဲမှာဩဇာညောင်းအောင် အယုံသွင်းနေထိုင်နေရာယူရင်း ဒီဘ၀ကနေ လွတ်မြောက်ဖို့ကြိုးစားပါတော့တယ်။ အဲ့ဒီမှာမှဒီမိသားစုရဲ့လျှို့ဝှက်ချက်တွေကို တစ်စပြီးတစ်စ ရိပ်စားမိလာတဲ့နောက်မှာတော့..။ ဒီဇာတ်ကားဟာ ဟန်ဂေရီနိုင်ငံထုတ်ဖြစ်ပြီး မဖြစ်စလောက်ပမာဏ ဘတ်ဂျက်နဲ့ ရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။ ကြော်ငြာစရိတ်လည်း လုံး၀ မသုံးခဲ့ပဲ သရုပ်ဆောင်တွေက သူတို့ရဲ့ဆိုရှယ်မီဒီယာတွေကနေ ပြသမယ့်ရက်ကိုမျှဝေကြေငြာ ရာကနေ တစ်ဆင့်စကားတစ်ဆင့်နားနဲ့အောင်မြင်ခဲ့တာပါ။ ဝေဖန်ရေးသမားတွေရောပရိသတ်တွေပါအကြိုက်တွေ့နေကြပြီး ဟောလိဝုဒ်ရဲ့ဘတ်ဂျက်မြင့်ဇာတ်ကားတွေကိုကျော်ပြီးပြည်တွင်းစျေးကွက်မှာ ရုံပြည့်ရုံလျှံအောင်မြင်ခဲ့တဲ့ ဟောလိဝုဒ်အဆင့်မှီ Thriller ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size… (840 MB) / (750 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Thriller Duration…. 02:05:04 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း