ဇာတ်ကားများ ရွေးရန်

Love on Trial

2026ဇာတ်ကားအမှတ် 5.8/10124 မိနစ်

Love on Trial (2025) ဂျပန်အိုင်ဒေါ J-Pop ယဉ်ကျေးမှုရဲ့ ကန့်လန့်ကာနောက်ကွယ်က အမှောင်ဘက်ခြမ်းတွေ J-pop အိုင်ဒေါစတားတစ်ယောက်ဖြစ်ဖို့အတွက် စည်းကမ်းချက်တွေနဲ့ ကုမ္ပဏီစာချုပ်ပါ "ရည်းစားမထားရ"စည်းမျဉ်းတွေနဲ့ ဇာတ်အိမ်တည်ဆောက်ထားတဲ့ လက်ရာကောင်းတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ J-Pop အဆိုတော်လောကမှာ ပရိသတ်အားပေးမှု အရှိန်အဟုန်နဲ့ တက်လှမ်းနေပြီး အောင်မြင်မှု လမ်းကြောင်းပေါ် ရောက်ရှိနေတဲ့ အိုင်ဒေါမလေး "မိုင်" (Kyoko Saito) အကြောင်းကနေ စတင်ထားပါတယ်။ ဂျပန်အိုင်ဒေါလောကရဲ့ ထုံးစံအတိုင်း ပရိသတ်တွေ စိတ်ပျက်မှာစိုးလို့ ကုမ္ပဏီက ချမှတ်ထားတဲ့ "အချစ်ရေးကိစ္စ လုံးဝမပတ်သက်ရ" ဆိုတဲ့ တင်းကျပ်လှတဲ့ စာချုပ်စည်းကမ်းဟာ သူမရဲ့ ဘဝကို ထိန်းချုပ်ထားပါတယ်။ ဒါပေမဲ့ မိုင်ဟာ မထင်မှတ်ဘဲ ကောင်လေးလေးတစ်ဦးနဲ့ ချစ်ကျွမ်းဝင်မိသွားတဲ့ အခါမှာတော့... အဆိုပါ လျှို့ဝှက်ချက်ကို မီဒီယာတွေနဲ့ ပရိသတ်တွေက သိရှိသွားပြီး သူမရဲ့ အနုပညာသက်တမ်းနဲ့ ဘဝတစ်ခုလုံးဟာပျက်စီးမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ရပါတော့တယ်။ ကုမ္ပဏီကလည်း သူမကို နစ်နာကြေးအမြောက်အမြားနဲ့ တရားစွဲဆိုဖို့ ပြင်ဆင်လာပြီး၊ လူမှုကွန်ရက်ပေါ်က ပရိသတ်တွေရဲ့ ဝေဖန်တိုက်ခိုက်မှု တွေကြားထဲမှာ... အပြစ်မဲ့တဲ့ လူငယ်နှစ်ဦးရဲ့ "အချစ်" ဟာ တရားရုံးပေါ်အထိ ရောက်ရှိပြီး အစီရင်ခံခံရမယ့် အခြေအနေ ဖြစ်လာပါတယ်။ မိုင်တစ်ယောက် မိမိရဲ့ အိမ်မက်ဖြစ်တဲ့ အနုပညာအလုပ်နဲ့ နှလုံးသားက တောင်းဆိုတဲ့ အချစ်စစ်ကြားထဲမှာ ဘယ်လိုမျိုး ရုန်းကန်မှုတွေနဲ့ ဖြတ်သန်းမလဲဆိုတာကို ရိုက်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း