ဇာတ်ကားများ ရွေးရန်

Shogun's Samurai

1978ဇာတ်ကားအမှတ် 6.9/10130 မိနစ်

၁၉၇၈ ခုနှစ်က ထွက်ရှိခဲ့ပြီး ဂျပန်ဆာမူရိုင်းရုပ်ရှင်လောကရဲ့ ဂန္ထဝင်ကားတစ်ကားဖြစ်တဲ့ "Yagyu Ichizoku no Inbo" ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ​ ​ဒုတိယမြောက် တိုကူဂါဝါ ရှိးဂန်း သေဆုံးမှုဟာ သဘာဝအတိုင်း မဟုတ်ဘဲ အဆိပ်ခတ်လုပ်ကြံခံရတာလို့ သံသယရှိနေကြတဲ့အချိန်မှာ အာဏာဆက်ခံဖို့အတွက် သားကြီး အီအဲမိဆု နဲ့ သားငယ် တာဒါနာဂါ တို့နှစ်ယောက် နှစ်ဖွဲ့ကွဲပြီး ပြိုင်ဆိုင်ကြပါတော့တယ်။ ​တော်ဝင်ဆာမူရိုင်းမျိုးနွယ်စုဖြစ်တဲ့ ဝါရင့်ဓားဆရာကြီး ရာဂျူးဟာ သားကြီးဖြစ်သူ အီအဲမိဆုကို ရှိးဂန်းအသစ်ဖြစ်လာစေဖို့အတွက် နောက်ကွယ်ကနေ ကြိုးကိုင်ပြီး နည်းလမ်းမျိုးစုံနဲ့ အကွက်ချစီစဉ်ပါတော့တယ်။ သူဟာ သူ့ရဲ့ မျိုးနွယ်စု အာဏာတည်မြဲရေးနဲ့ နိုင်ငံရေးအမြတ်အစွန်းအတွက်ဆိုရင် သစ္စာတရား၊ ကရုဏာတရားတွေကို ဘေးဖယ်ထားဖို့ ဝန်မလေးသူပဲဖြစ်ပါတယ်။ ​ရာဂျူးဟာ သူ့ရဲ့ သားဖြစ်သူ ဓားသမား ဂျူဘေးအပါအဝင် မျိုးနွယ်စုဝင်တွေကို အသုံးချပြီး ဆန့်ကျင်ဘက်အဖွဲ့တွေကို လျှို့ဝှက်လုပ်ကြံတာ၊ နိုင်ငံရေးပူးပေါင်းကြံစည်မှုတွေ ပြုလုပ်တာတွေကို သွေးအေးအေးနဲ့ လုပ်ဆောင်လာပါတယ်။ ဒါပေမဲ့ ဂျူဘေးကတော့ ဖခင်ဖြစ်သူရဲ့ ရက်စက်လှတဲ့ နိုင်ငံရေးကစားကွက်တွေနဲ့ မျိုးနွယ်စုရဲ့ လုပ်ရပ်တွေအပေါ် သံသယဝင်လာပြီး စိတ်ပျက်လာရာကနေ နောက်ဆုံးမှာတော့ ဖခင်နဲ့ သား၊ မျိုးနွယ်စုနဲ့ သစ္စာတရားကြား ပြင်းထန်တဲ့ ပဋိပက္ခတွေ ဖြစ်ပွားလာပါတော့တယ်။ ဂျပန်နိုင်ငံရဲ့ အာဏာစက်ဝန်းအတွင်း ဖြစ်ပွားခဲ့တဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ သွေးထွက်သံယို အာဏာလုပွဲရဲ့အဆုံးသတ်ကတော့..... ​ရှေးခေတ် ဂျပန်နန်းတွင်း အာဏာလုပွဲ အရှုပ်တော်ပုံတွေ၊ ဆာမူရိုင်းတွေရဲ့ သစ္စာတရားနဲ့ ဓားခုတ်ကွက် အလန်းစားတွေကို နှစ်သက်သူတွေအတွက် လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း