ဇာတ်ကားများ ရွေးရန်

Silent Rebellion (aka) À bras-le-corps

2026ဇာတ်ကားအမှတ် 6.9/1096 မိနစ်

Silent Rebellion (2026) IMDb Rating (6.8) ဇာတ်လမ်းနောက်ခံကတော့ ဒုတိယကမ္ဘာစစ်ကြီး ပြင်းထန်နေတဲ့ ၁၉၄၃ ခုနှစ်ကာလ ဖြစ်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံဟာ စစ်ပွဲထဲမှာ ဘက်မလိုက်ဘဲ ကြားနေနိုင်ငံအဖြစ် အေးချမ်းနေပေမဲ့ စစ်ဘေးဒဏ်ကြောင့် အိမ်နီးနားချင်း ပြင်သစ်နိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ဒုက္ခသည်တွေ သူတို့ရွာကလေးဆီ ရောက်ရှိလာတဲ့အခါမှာတော့ အေးချမ်းပါတယ်ဆိုတဲ့ ရွာသားတွေဟာ ဒုက္ခသည်တွေကို ကူညီဖို့ ငြင်းဆန်ပြီး နှင်ထုတ်ခဲ့ကြပါတယ်။ အကျင့်စာရိတ္တကောင်းမွန်ပြီး ဖြူစင်ထက်မြက်လှတဲ့ ဆယ်ကျော်သက် မိန်းကလေးငယ် တိုရီဟာ မိမိတို့ရွာသားတွေ၊ လူကြီးတွေရဲ့ အတ္တဆန်ပြီး ကရုဏာတရားကင်းမဲ့လှတဲ့ လုပ်ရပ်တွေအပေါ်စတင်မေးခွန်းထုတ်ပြီး စိတ်ပျက်လာခဲ့ပါတယ်။ ဒီလိုအချိန်မှာပဲ သူမရဲ့ ဘဝကို ပြောင်းလဲသွားစေမယ့် ကိစ္စကြီးတစ်ခုဖြစ်လာပါတော့တယ်။ တစ်ရွာလုံးရဲ့ ဝိုင်းပယ်မှု၊ လူမှုအသိုင်းအဝိုင်းရဲ့ ကန့်သတ်ချုပ်ချယ်မှုတွေနဲ့ စည်းကမ်းချက်တွေကြားထဲမှာ သူမဟာ စိတ်ဓာတ်ကျမသွားဘဲ မိမိရဲ့ ယုံကြည်ချက်၊ အမှန်တရားနဲ့ ကိုယ်ပိုင်ဘဝလမ်းကြောင်းသစ်ကိုသတ္တိရှိရှိ ဘယ်လိုမျိုး အံတုတည်ဆောက်သွားမလဲဆိုတာကို ရိုက်ပြထားပါတယ်။ File size… (1.3 GB) / (790 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,History Duration…. 01:40:57 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း