Blue Asian
Blue Asian (2025) အာရှမိသားစုတွေကြားထဲက မျိုးဆက်တစ်ခုနဲ့တစ်ခု မတူညီတဲ့ နာကျင်မှုတွေ၊ မိခင်နဲ့သမီးကြားက ရှုပ်ထွေးလှတဲ့ သံယောဇဉ်နဲ့ လူငယ်တစ်ဦးရဲ့ အိမ်ပြေးဘဝကိုမှတ်တမ်းတင်ဟန် ပုံဖော်ထားတဲ့ အင်ဒီရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ စိတ်ဒဏ်ရာတွေ ပြည့်နှက်နေတဲ့ ရုပ်ရှင်ဒါရိုက်တာ "ဝမ်ဝမ်" (Wen Wen) က... သူမရဲ့ လွန်ခဲ့တဲ့ အတိတ်က အဖြစ်အပျက်တွေကို "ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ" ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးနေတဲ့ ပြကွက်ကနေ စတင်ထားပါတယ်။ ဝမ်ဝမ်ဟာ ဒီရုပ်ရှင်ကို ရိုက်ကူးခြင်းအားဖြင့် အတိတ်က သူမအပေါ် ချုပ်ချယ်ခဲ့တဲ့ မိခင်ဖြစ်သူရဲ့ ရင်တွင်းက နာကျင်မှုတွေကို စိတ်ချင်းကိုယ်ချင်းစာပြီး လေ့လာဆန်းစစ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ သူမရိုက်ကူးနေတဲ့ ရုပ်ရှင်ထဲက ဇာတ်လမ်းမှာတော့... အာရှမိသားစုရဲ့ ဖိအားတွေကြားကနေ အဝေးဆုံးကို အိမ်ပြေးအဖြစ် ထွက်ပြေးလာခဲ့ပြီး ဘယ်ကိုသွားရမှန်းမသိ လမ်းပျောက်နေတဲ့ အာရှသမီးငယ်လေးတစ်ဦးအကြောင်း ဖြစ်ပါတယ်။ ထိုသမီးငယ်လေးဟာ သူမနောက်ကို ငိုယိုပြီး အသည်းအသန် ဖုန်းခေါ်ဆိုနေတဲ့ မိခင်ဖြစ်သူရဲ့ ဖုန်းတွေကို တမင်သက်သက် လျစ်လျူရှုကာ မကိုင်ဘဲ နေခဲ့ပါတယ်။ ဒီလိုမျိုး စိတ်ဓာတ်ကျဆင်းပြီး လမ်းပျောက်နေတဲ့ အချိန်မှာတော့. သူမရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေဆီမှာ ခိုလှုံခွင့် တောင်းရင်း... အာရှမိသားစုတွေရဲ့ တင်းကျပ်မှု၊ ခေတ်သစ်လူငယ်တွေရဲ့ လွတ်လပ်မှုနဲ့ မိခင်နဲ့ သမီးကြားက ဆက်ဆံရေးကို တင်ဆက်ထားပါတယ်။ File size… (1.9 GB) / (1 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:39:57 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း