ဇာတ်ကားများ ရွေးရန်

Raja Shivaji

2026ဇာတ်ကားအမှတ် 9.0/10195 မိနစ်4K

Raja Shivaji (2026) "ဘုရင်မြတ် ရှီဗာ" IMDb - 7.5/10 နာမည်ကျော် ဘောလိ၀ုဒ်မင်းသားတိုင်းလိုလိုနဲ့တွဲတဲ့ ဇာတ်ပို့မင်းသားအဖြစ် အိန္ဒိယရုပ်ရှင်ပရိသတ်နဲ့မစိမ်းလှတဲ့ မင်းသား ရီတေ့ရှ်ဒေ့ရှ်မွတ်ခ်ကိုယ်တိုင် ဒါရိုက်တာလုပ် ရိုက်ကူးထားပြီးအဓိက ဇာတ်ဆောင်နေရာကနေ ပါဝင်ထားတဲ့အပြင် ရူပီး သန်း၁၃၀၀ကျော် ရုံတင်ဝင်ငွေရခဲ့တဲ့ အိန္ဒိယနန်းတွင်းရုပ်ရှင်။ ဆန်ဂျေးဒတ်၊ ဆယ်လ်မန်ခန်းနဲ့ အဘီရှိတ်ခ်ဘချမ်းတို့လို နာမည်ကျော်မင်းသားကြီးတွေပါပါဝင်အားဖြည့်ထားကြပါသေးတယ်။ ဘုရင်ရှီဗာရဲ့ လူငယ်ဘ၀က စစ်ရေးဉာဏ်ပညာနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့အတွက်ကြိုးစားပုံ သမိုင်းဝင်ခရီးစဉ်ကို အခြေခံရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ အင်အားကြီး အင်ပါယာတွေက အိန္ဒိယပြည်သူတွေကို ဖိနှိပ်အုပ်ချုပ်နေတဲ့ ခေတ်တစ်ခု…။ ရှီဗာကတော့ မတရားမှုကို ခေါင်းငုံ့မခံဘဲ လွတ်လပ်တဲ့နိုင်ငံတော်တစ်ခု တည်ထောင်ဖို့အိပ်မက်ရှိတဲ့ လူငယ်တယောက်ပေါ့။ မိခင်ရဲ့ သွန်သင်ဆုံးမမှု၊ စစ်ဗျူဟာဉာဏ်၊ မကြောက်ရွံ့တတ်တဲ့ သတ္တိတို့ကို အားထားပြီး ရန်သူ့ခံတပ်တွေတစ်ခုပြီးတစ်ခု သိမ်းပိုက်လာတဲ့ ရှီဗာဟာ နောက်ဆုံးမှာ အင်အားအကြီးဆုံး ရန်သူတွေကိုပါ ရင်ဆိုင်ရတဲ့ အခြေအနေကိုရောက်ရှိလာပါတယ်။ စစ်ပွဲတိုင်းက ဓားချင်းလှံချင်း ထိုးရုံမဟုတ်ဘဲ ဉာဏ်ပညာ၊ ယုံကြည်ချက်နဲ့ ပြည်သူတွေအတွက်အသက်စွန့်အနစ်နာခံမှုတွေ ရှိတယ်ဆိုတာကို ခံစားကြည့်ရှုကြရမှာပါ။ File size… 11.5 GB / 4 GB / 2 GB Quality…WEB DL4k HEVC / 1080p HEVC/ 720p Format…mkv/ mp4 Duration…. 3h 15m Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း