ဇာတ်ကားများ ရွေးရန်

All the Old Knives

2022ဇာတ်ကားအမှတ် 6.0/10101 မိနစ်

လွန်ခဲ့တဲ့ ရှစ်နှစ်က လေယာဉ်ပြန်ပေးဆွဲမှုတစ်ခုမှာ ဓားစာခံ ရာနဲ့ချီ သေဆုံးခဲ့ပါတယ်။ အကြမ်းဖက်မှုဆိုင်ရာ ထောက်လှမ်းရေးအေဂျင်စီအတွက် အရှက်တကွဲ ဖြစ်ခဲ့ရပြီး ပိတ်သိမ်းထားခဲ့တဲ့ အမှုတစ်ခုပါ။ အမှုနဲ့ ပတ်သက်ခဲ့သူတွေထဲမှာလည်း သေဆုံးသူတွေ ရှိသလို အငြိမ်းစားယူသွားသူတွေလည်း ရှိနေပြီဖြစ်ပါတယ်။ ရှစ်နှစ်ကြာတဲ့အခါ လေယာဉ်ပြန်ပေးဆွဲမှုရဲ့ ခေါင်းဆောင်ကို ဖမ်းမိခဲ့ပြီး ဒီအမှုမှာ ထောက်လှမ်းရေးအတွင်းလူတစ်ယောက် ပါဝင်နေကြောင်း သိလာရတယ်။ ဒါကြောင့် အေဂျင်စီက အတော်ဆုံး ထောက်လှမ်းရေးသမားကို တာဝန်ပေးပြီး သစ္စာဖောက်ဟာ ဘယ်သူလဲဆိုတာ ပြန်စုံစမ်းခိုင်းပါတယ်။ ခရစ္စပိုင်း ပါဝင်သရုပ်ဆောင်ထားတဲ့ စပိုင်ဇာတ်ကားဖြစ်ပြီး နှစ်တွေကြာအောင် ပိတ်ထားခဲ့တဲ့ အမှုကို ပြန်လည်ဖော်ထုတ်ရတဲ့အကြောင်းပါ။

ဇာတ်လမ်းအကြောင်း