ဇာတ်ကားများ ရွေးရန်

Going All the Way

1997ဇာတ်ကားအမှတ် 5.7/10110 မိနစ်

Going all the Way (1997) IMDB : 5.7 Rotten Tomatoes : 65% Genre : Comedy / Drama Going all the Way (1997) ကတော့ ကိုရီးယားစစ်ပွဲအပြီး ၁၉၅၀ ပြည့်လွန်နှစ်ကာလမှာ အင်ဒီယားနားပိုလစ် (Indianapolis) မြို့ကို ပြန်လည်ရောက်ရှိလာကြတဲ့ စစ်ပြန်လူငယ်နှစ်ဦးဖြစ်တဲ့ Sonny (Jeremy Davies) နဲ့ Gunner (Ben Affleck) တို့ရဲ့ အကြောင်းကို အဓိကထား ရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ Sonny က ရှက်တတ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအားနည်းသူ၊ မိဘတွေရဲ့ ချုပ်ချယ်မှုအောက်မှာ နေရသူဖြစ်ပါတယ်။ Gunner ကတော့ လူချစ်လူခင်ပေါများပြီး ယုံကြည်မှုရှိတဲ့၊ လွတ်လွတ်လပ်လပ် တွေးခေါ်တတ်တဲ့ လူငယ်တစ်ယောက်ပါ။ သူတို့နှစ်ယောက်ဟာ ရုပ်ရည်၊ စရိုက်၊ နောက်ခံမတူညီကြပေမယ့် ရထားပေါ်မှာ ဆုံတွေ့ရာကနေ မမျှော်လင့်ဘဲ ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်သွားကြပါတယ်။ သူတို့နှစ်ဦးပေါင်းမိသွားတဲ့အခါ ၁၉၅၀ ပြည့်လွန်နှစ်တွေရဲ့ ရှေးရိုးစွဲလူ့အဖွဲ့အစည်းနဲ့ မိဘတွေရဲ့ မျှော်လင့်ချက်တွေကို ဘယ်လို ရုန်းကန်ကျော်ဖြတ်ကြသလဲ ဆိုတာကို ဟာသနှောပြီး ရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်တစ်ကားမလို့ ခံစားကြည့်လိုက်ကြပါ။ File size…    3 GB / 1MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 43m Genre ..... Comedy, Drama Subtitle…. Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း