Viruman
ဗီရူမန်ဟာ ညီအစ်ကိုလေးယောက်ထဲက အငယ်ဆုံးသားပါ။ သူ့အမေက ဖခင်ရဲ့ နှိပ်စက်မှုဒဏ်ကြောင့် ဆုံးပါးခဲ့ရလို့ ဗီရူမန်က ဖခင်ကို ငယ်ငယ်ကတည်းက နာကျည်းမုန်းတီးနေခဲ့တယ်။ အဖေအရင်းကို ဓားကိုင်ပြီး လိုက်ခုတ်ခဲ့ဖူးတဲ့အထိ ဖြစ်ခဲ့ပြီး နောက်တော့ ဦးလေးတွေနဲ့ပဲ နေထိုင်ကြီးပြင်းလာခဲ့ပါတယ်။ အရွယ်ရောက်လာတဲ့အခါ ဖခင်ကို သင်ခန်းစာပေးချင်သလို လုပ်ခဲ့တဲ့အပြစ်တွေအတွက် ပြစ်ဒဏ်ခံစေချင်တာကြောင့် နည်းမျိုးစုံနဲ့ နှောင့်ယှက်ဒုက္ခပေးပါတော့တယ်။ သူ့အဖေကလည်း လာဘ်စားပြီး မောက်မာဆိုးသွမ်းတဲ့ လွှတ်တော်အမတ်တစ်ယောက်ပါ။ ဗီရူမန်က အစ်ကိုသုံးယောက်ကိုပါ ဖခင်ကို ဆန့်ကျင်ဖို့ စည်းရုံးပေမဲ့ သူတို့က ငွေနဲ့ ပစ္စည်းဥစ္စာကို မျက်နှာမလွှဲနိုင်ကြလို့ အဖေ့ဘက်မှာပဲ ဆက်နေကြတယ်။ သားအဖနှစ်ယောက်ရဲ့ အားပြိုင်မှုမှာ ဖခင်က အပြစ်ကြွေးဆပ်ရမလား၊ ဗီရူမန်ကပဲ လက်လျှော့သွားရမလား။
ဇာတ်လမ်းအကြောင်း