ဇာတ်ကားများ ရွေးရန်

Song of the Sea

2014ဇာတ်ကားအမှတ် 8.5/1094 မိနစ်

Song Of The Sea (2014) ပင်လယ်ကမ်းစပ်က မီးပြတိုက်တစ်ခုမှာ အ​ဖေနဲ့အတူနေထိုင်တဲ့ ဘန် နဲ့ သူ့ရဲ့ညီမ ဆာရှာ တိုဟာ သာမန်ကလေးတွေလိုပဲ ထင်ရပေမယ့် ဆာရှာ မှာတော့ ထူးခြားတဲ့လျှိဝှက်ချက်တစ်ခု ရှိနေပါတယ် အ​မေပျောက်ဆုံးသွားပြီးတဲ့နောက် မောင်နှမနှစ်ယောက်ရဲ့ဘဝဟာ တဖြည်းဖြည်းပြောင်းလဲလာပြီး မြိုကိုရောက်သွားတဲ့အခါမှာတော့ သူတိုနှစ်ယောက်ဟာ အ​မေပြောပြခဲ့ဖူးတဲ့ ရှေးဟောင်းပုံပြင်တွေနဲ့ ဆက်နွယ်နေတဲ့ မှော်ဆန်တဲ့ကမ္ဘာတစ်ခုထဲကို မထင်မှတ်ဘဲ ဝင်ရောက်သွားကြပါတယ် အဲဒီခရီးစဉ်အတွင်း Selkie ဆိုတဲ့ ပင်လယ်နဲ့ဆက်နွယ်တဲ့ ဒဏ္ဍာရီလာသတ္တဝါတွေ၊ မှော်ဆန်တဲ့ fairy တွေနဲ့ တွေ့ဆုံရင်း နတ်ကမ္ဘာကြီးကို ကယ်တင်ဖို ခရီးကြမ်းတစ်ခု စတင်ခဲ့ရသလို သူတိုမိသားစုရဲ့အတိတ် တစ်ယောက်နဲ့တစ်ယောက်ကြားက သံယောဇဉ်နဲ့ ကိုယ့်ကိုယ်ကို နားလည်လာဖိုအတွက် စွန့်စားခရီးတစ်ခုကိုပါ ဖြတ်သန်းရပါ​တော့တယ် ​​ရိုးရာဒဏ္ဍာရီပုံပြင်တွေကို ကြိုက်နှစ်သက်ပြီး အေးအေးဆေးဆေးနဲ့ ကြည့်ရင်း လှပတဲ့ပုံပြင်တစ်ပုဒ်ထဲ ဝင်သွားသလို ခံစားချင်တဲ့သူတွေအတွက်တော့ Song of the Sea က မလွတ်သင့်တဲ့ Animation ကားလေးတစ်ကားပါပဲ

ဇာတ်လမ်းအကြောင်း