ဇာတ်ကားများ ရွေးရန်

Lost and Love

2015ဇာတ်ကားအမှတ် 6.7/10112 မိနစ်

မင်းသားကြီးAndy Lauရဲ့ ပုံမှန်မြင်နေကျ စတိုင်ကျကျခပ်မိုက်မိုက်ပုံရိပ်ကနေခွဲထွက်ပြီး ဆင်းရဲနွမ်းပါတဲ့ ကျေးလက်ကဖခင်အိုကြီးအဖြစ်သရုပ်ဆောင်ထားတဲ့ မိသားစုဒရာမာကားကောင်းလေးပဲဖြစ်ပါတယ်။ ၁၅နှစ်တိုင်တိုင် တစ်နိုင်ငံလုံးအနှံ့ဆိုင်ကယ်တစ်စီးနဲ့ သားပျောက်လိုက်ရှာတဲ့ အဖေတစ်ယောက်ရဲ့ခရီးစဉ်ပဲဖြစ်ပါတယ်။ လေကျယ်ခွမ်း (Andy Lau)ဟာ တရုတ်နိုင်ငံ အန်းဟွေးပြည်နယ်က လယ်သမားတစ်ယောက်ဖြစ်ပါတယ်။ ၁၉၉၈ခုနှစ်မှာတော့ သူ့ရဲ့၂နှစ်အရွယ်သားလေးပျောက်သွားခဲ့ပါတယ်။ အဲဒီနေ့ကနေစပြီးတော့ လေကျယ်ခွမ်းရဲ့ဘဝကြီးဟာ သားကိုပြန်တွေ့အောင်ရှာဖို့ပဲဖြစ်လာခဲ့ပါတယ်။ ၁၄နှစ်ကြာသွားခဲ့ပြီးတဲ့အထိ သူဟာဆိုင်ကယ်တစ်စီးနဲ့ တရုတ်နိုင်ငံရဲ့ ပြည်နယ်ကြီးတွေအနှံ့သွားလာပြီး သူ့သားလေးကိုရှာဖွေနေခဲ့ပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့ဆိုင်ကယ်ကိုပြင်ရင်း ဆိုင်ကယ်ပြင်သမားလေးကျန်းရွှိုက်နဲ့ဆုံတွေ့ခဲ့ပါတယ်။ မထင်မှတ်ထားတာကတော့ ကျန်းရွှိုက်က ပြန်ပေးဆွဲခံခဲ့ရတဲ့ကလေးတစ်ယောက်ဖြစ်နေတာပဲ။ သားဖြစ်တဲ့သူကိုဇွဲကောင်းကောင်းနဲ့ရှာနေတဲ့ လေကျယ်ခွမ်းနဲ့တွေ့ဆုံပြီးတဲ့နောက်မှာ ကျန်းရွှိုက်ကလဲသူ့ရဲ့မိဘအရင်းတွေကိုပြန်ရှာချင်စိတ်ပြင်းပြလာပြီးတော့ ဝေဒနာချင်းတူတဲ့သူတို့နှစ်ယောက်ဟာ အဖော်ပြုရင်း အချင်းချင်းအားပေးနှစ်သိမ့်ရင်း တရုတ်ပြည်ရဲ့နယ်စပ်တွေအထိ ခရီးနှင်ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ လူငယ်လေးကျန်းရွှိုက်ဟာ မိဘအရင်းနဲ့ပြန်လည်ဆုံစည်းခွင့်ရသွားခဲ့ပါတယ်။ ဒါပေမယ့် သားဖြစ်သူကို ၁၅နှစ်တိုင်အောင် ရှာဖွေခဲ့တဲ့အဖေအိုကြီးရဲ့ခရီးစဉ်ကရော ဘယ်အချိန်မှာအဆုံးသတ်သွားမလဲ...... Filesize : 1.99 GB / 0.97 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Drama Runtime : 1h 52 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း