ဇာတ်ကားများ ရွေးရန်

A Castle of Our Own

2026ဇာတ်ကား

ဒီနေ့တော့ အချစ်ကားတွေထဲမှာမှ ဆယ်ကျော်သက်အရွယ် ကလေးဆန်ဆန် အချစ်တွေမဟုတ်ဘဲ၊ ဘဝရဲ့ အတွေ့အကြုံတွေရှိပြီးသား လူလတ်ပိုင်းတွေရဲ့ ရင့်ကျက်တဲ့ အချစ်ရေးကို သဘာဝကျကျ ရိုက်ကူးထားတဲ့ ၂၀၂၆ ခုနှစ်ထွက် "A Castle of Our Own" ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Hallmark ကနေ ထွက်ထားတာမို့လို့ စိတ်အေးချမ်းချမ်းနဲ့ ကြည့်လို့ရမယ့် ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် မာလီ (Marley) ဟာ အလုပ်တွေ အရမ်းလုပ်လွန်းလို့ ပင်ပန်းနွမ်းနယ်နေတဲ့ ဆီယက်တဲလ် (Seattle) မြို့က ဗိသုကာပညာရှင် တစ်ယောက်ပါ။ သူဟာ သူ့ရဲ့ ဆယ်ကျော်သက်သမီးလေး လီလီ (Lily) နဲ့အတူ အချိန်ဖြုန်းဖို့အတွက် ဖုန်းတွေ၊ အလုပ်တွေ အကုန်ချထားခဲ့ပြီး ကမ်းခြေတစ်ခုကို အပန်းဖြေခရီး ထွက်လာခဲ့ပါတယ်။ အဲဒီကမ်းခြေမှာပဲ အချစ်ရေးမှာ အဆင်မပြေဖြစ်ပြီး စိတ်ရာရာကျနေတဲ့ ကန်ထရိုက်တာ အဒမ် (Adam) နဲ့ အိမ်နီးချင်းတွေ ဖြစ်သွားပါတယ်။ မြို့လေးမှာ ကျင်းပတဲ့ သဲရဲတိုက် (Sandcastle) တည်ဆောက်ရေး ပြိုင်ပွဲကနေတစ်ဆင့် သူတို့နှစ်ယောက် ရင်းနှီးသွားကြပြီး၊ မာလီ တစ်ယောက် အလုပ်ဖိအားတွေကနေ ရုန်းထွက်ကာ သမီးဖြစ်သူနဲ့ ဆက်ဆံရေးတွေ ပြန်လည်ကောင်းမွန်လာသလို၊ မမျှော်လင့်ထားတဲ့ အချစ်သစ်တစ်ခုကိုပါ ရှာဖွေတွေ့ရှိသွားပုံကို အေးအေးဆေးဆေး ကြည့်ရှုရမှာပါ။ အချစ်ကား ကြိုက်ပေမယ့် ဇာတ်လမ်းအရမ်းရှုပ်တာတွေ၊ ခေါင်းစားတာတွေ မကြည့်ချင်ဘဲ၊ ပိတ်ရက်မှာ စိတ်အေးချမ်းချမ်းနဲ့ သဘာဝကျတဲ့ ဇာတ်ကားကောင်းလေးတစ်ကားကို ရှာဖွေနေတယ်ဆိုရင်တော့ "A Castle of Our Own" က လုံးဝကို အံကိုက်ဖြစ်မယ့် ဇာတ်ကားလေးဖြစ်ကြောင်း သုံးသပ်ပေးလိုက်ပါတယ်ဗျာ။ File size…    2 GB / 920 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 24m Genre ..... Romance Subtitle…. Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း