ဇာတ်ကားများ ရွေးရန်

Band Together (aka) Rondallas

2025ဇာတ်ကားအမှတ် 7.4/10113 မိနစ်

Band Together (2025) IMDb Rating (7.0) စပိန်နိုင်ငံ မြောက်ပိုင်း ဂါလီစီယာရဲ့ ပင်လယ်ကမ်းရိုးတန်းမှာရှိတဲ့မြို့ကလေးမှာ သင်္ဘောမှောက်မှုကြီးတစ်ခုဖြစ်ပွားခဲ့ပြီး ရွာသား လိုက်ပါသွားသူ ၉ ဦးအနက် ၇ ဦးအထိ သေဆုံးသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ဆိုးကြီးကိုဖြတ်သန်းခဲ့ပြီးနောက် မြို့ကလေးရဲ့ စိတ်ဓာတ်တွေ ပြန်လည်နိုးထလာစေဖို့အတွက် ရွာသားတွေဟာ သူတို့ရဲ့ ရိုးရာ ကြိုးတပ်တူရိယာ ဝိုင်းအဖွဲ့ဖြစ်တဲ့ "ရွန်ဒါယာ" ( စပိန်-ဂါလီစီယာရိုးရာ ဂီတအဖွဲ့) ကို တစ်ကျော့ပြန် ပြန်လည်ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အစပိုင်းမှာတော့ စိတ်ဒဏ်ရာကိုယ်စီနဲ့ လူတွေကြားထဲမှာ သဘောထားကွဲလွဲမှုတွေ၊ အလွဲလွဲအချော်ချော် အငြင်းပွားမှုတွေ ဖြစ်ခဲ့ကြပေမဲ့ တူရိယာတွေကို ကိုင်ဆောင်ပြီး အတူတကွ လေ့ကျင့်တီးခတ်လာကြတဲ့ အခါမှာတော့... ဂီတရဲ့ စွမ်းအားက သူတို့ရဲ့ ရင်တွင်းအမုန်းတရားတွေနဲ့ သောကတွေကို အရည်ပျော်ကျစေခဲ့ပါတယ်။ ဒီရိုးရာဂီတအဖွဲ့ကြီးကြောင့်ပဲ တစ်မြို့လုံးမှာ မမြင်တွေ့ရတာကြာပြီဖြစ်တဲ့ ပျော်ရွှင်မှုတွေ၊ ရင်ခုန်စိတ်လှုပ်ရှားမှုတွေနဲ့အတူ ဘဝသစ်ကို အတူတကွ ပြန်လည်စတင်ပုံကို ရယ်မောစရာ၊ ဝမ်းနည်းစရာဖြစ်အောင် ရိုက်ပြထားပါတယ်။ File size… (2.1 GB) / (1.2 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Music Duration…. 01:53:02 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း