ဇာတ်ကားများ ရွေးရန်

La gioia

2026ဇာတ်ကားအမှတ် 6.7/10108 မိနစ်

La gioia (2026) Gioia က အီတလီက မြို့လေးမှာနေတဲ့ လူလတ်ပိုင်းအရွယ်ရှိပြီဖြစ်တဲ့ ပြင်သစ်ဆရာမတစ်ယောက်ဖြစ်ပါတယ်။ သူက ထိန်းချုပ်တတ်တဲ့ မွန်းကြပ်စရာ အမေအိုနဲ့အတူ နေရပြီးတော့ အသက်ကြီးနေပေမဲ့ အချစ်စစ်ရော လွတ်လပ်မှုကိုပါ မကြုံဖူးသေးတဲ့ သူတစ်ယောက်ပါ။ တစ်နေ့မှာ သူ့ကျောင်းက အထက်တန်းကျောင်းသားဖြစ်တဲ့ ၁၈ နှစ်အရွယ် Alessio က Gioia ကို ပြင်သစ်စာသင်ပေးဖို့ အချိန်ပိုင်းငှားခဲ့ပါတယ်။ ဒါပေမဲ့ Alessio က တကယ်တော့ သူ့အမေအတွက် ပိုက်ဆံရှာပေးဖို့ ညဘက်မှာ လိင်လုပ်သားအဖြစ်နဲ့ အလုပ်လုပ်နေတဲ့ ကောင်လေးတစ်ယောက်ပါ။ သူ Gioia ကို ချည်းကပ်ခဲ့တာလည်း Gioia ပိုက်ဆံကို ခြူစားဖို့အတွက်ပါပဲ။ ဒါကို Gioia က Alessio အပေါ် တကယ့်စိတ်ရင်းနဲ့ ဂရုစိုက်ပြီး ချစ်လာချိန်မှာတော့ Gioia တစ်ယောက် သူ့ရဲ့ လူမှုနေမှုအဆင့်အတန်းတက်ဖို့ ၊ ချမ်းသာဖို့လောဘတွေနဲ့ Gioia ဆီက ရတဲ့ တကယ့်နွေးထွေးမှုတွေကြား သူ့ရဲ့ခံစားချက်တွေ ဝေခွဲမရဖြစ်လာပြီး နောက်ဆုံးမှာ ဘယ်လမ်းကို ရွေးချယ်သွားမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File size… (2.4 GB) / (930 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:44:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း