ဇာတ်ကားများ ရွေးရန်

The Night Owl

2022ဇာတ်ကားအမှတ် 7.0/10118 မိနစ်

ချောင်နိုင်ငံရဲ့ လက်အောက်ခံဖြစ်နေတဲ့ ဂျိုဆွန်းမင်းဆက်၊ အင်ဂျိုဘုရင်လက်ထက်မှာ ဇာတ်လမ်းစထားပါတယ်။ ချောင်းဂယောင်းဆူဟာ ညီလေးရဲ့ ရောဂါကို ကုပေးချင်လို့ နန်းတွင်းသမားတော်လုပ်ဖို့ ဆုံးဖြတ်ခဲ့သူပါ။ အပ်စိုက်ကုသရာမှာ ကျွမ်းကျင်တဲ့ သူ့မှာ ထူးခြားချက်တစ်ခု ရှိပါတယ်။ အလင်းထဲမှာ မမြင်ရပေမဲ့ ညအမှောင်ထဲမှာတော့ ရှင်းရှင်းလင်းလင်း မြင်နိုင်တာပါ။ နန်းတွင်းမှာ မမြင်သလို၊ မကြားသလို နေရမယ်ဆိုတာ သိထားတဲ့ ဂယောင်းဆူက အဲဒီအကြောင်းကို ဖုံးကွယ်ထားခဲ့တယ်။ ဒါပေမဲ့ ချောင်နိုင်ငံမှာ ဓားစာခံအဖြစ် ရှစ်နှစ်ကြာ နေခဲ့ပြီး ပြန်ရောက်လာတဲ့ အိမ်ရှေ့စံ သေဆုံးသွားတဲ့အခါ သူက မျက်မြင်သက်သေအဖြစ် ထွက်ဆိုရဖို့ ဖြစ်လာပါတယ်။ လူတိုင်းက မျက်မမြင်လို့ သိထားသူရဲ့ ထွက်ဆိုချက်ကို ယုံကြည်ဖို့ ခက်နေတဲ့အပြင် အမြင်အာရုံအကြောင်း ဖုံးကွယ်ခဲ့တာက ဘုရင်ကို လိမ်ထားတဲ့ ပြစ်မှုလည်း ဖြစ်နေပြန်တယ်။ ဂယောင်းဆူက ဒီအကျပ်အတည်းကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာကို နန်းတွင်းရာဇဝတ်မှုနဲ့ တွဲဖော်ပြထားပါတယ်။ ဂယောင်းဆူအဖြစ် Ryu Joon Yeol နဲ့ အင်ဂျိုဘုရင်အဖြစ် Yu Hae Jin တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း