Silent Marriage
တိတ်ဆိတ်ခြင်းဆိုတာ တစ်ခါတလေ ငြိမ်းချမ်းမှုရဲ့ အမှတ်အသား မဟုတ်ပါဘူး..မပြောဖြစ်တဲ့ စကားတစ်ခွန်း မဖွင့်ဟဖြစ်တဲ့ ခံစားချက်တစ်ခုက ရန်ဖြစ်တာထက်တောင် ပိုနာကျင်စေနိုင်ပါတယ်…ချစ်ခြင်းမေတ္တာတစ်ခုကို အဆုံးသတ်စေတာဟာ တတိယလူကြောင့် မဟုတ်ဘဲ တစ်ယောက်နဲ့တစ်ယောက် တဖြည်းဖြည်း စကားမပြောဖြစ်တော့တဲ့ "တိတ်ဆိတ်မှု" ကြောင့်လည်း ဖြစ်နိုင်ပါတယ် ဒီလို ရင်ထဲထိစေမဲ့အကြောင်းအရာကို ရိုက်ကူးတင်ဆက်ထားတဲ့ ဒီရုပ်ရှင်လေးဟာ အချစ်ရေးထက် အိမ်ထောင်ရေးမှာ ဆက်သွယ်ပြောဆိုမှုရဲ့ အရေးပါပုံကို ထင်ဟပ်ပြသထားတဲ့ မိသားစုဒရာမာရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်…၂၀၂၆ ခုနှစ် ဇွန်လ ၂၄ ရက်နေ့ကစပြီး iQIYI မှာသီးသန့်ထုတ်လွှင့်ခဲ့ပြီး ထွက်ရှိတဲ့ ပထမနေ့မှာပဲ Platform ရဲ့ Trending Chart ထိပ်ပိုင်းကို ရောက်ရှိခဲ့ပြီးတော့ ပရိသတ်တွေအကြား ဆွေးနွေးမှုများစွာ ရရှိခဲ့တဲ့ ရုပ်ရှင်လေးဖြစ်ပါတယ် ကျစ်လျန်နဲ့ စူးရွေ့တို့ဟာ တစ်ယောက်ကိုတစ်ယောက် အလွန်ချစ်မြတ်နိုးပြီး ချစ်သူဘဝကနေ အခက်အခဲများစွာကို ကျော်ဖြတ်ကာ လက်ထပ်ခဲ့ကြတဲ့ ဇနီးမောင်နှံဖြစ်ပါတယ် အိမ်ထောင်ကျစဉ်မှာ မိဘတွေရဲ့ သဘောမတူမှုတောင် ရှိခဲ့ပေမဲ့နှစ်ယောက်သား လက်တွဲပြီး ပျော်ရွှင်တဲ့ဘဝကို တည်ဆောက်မယ်လို့ ကတိပေးခဲ့ကြပါတယ် ဒါပေမဲ့ အချိန်တွေကြာလာတာနဲ့အမျှ အလုပ်ဖိအား နေ့စဉ်ဘဝရဲ့ တာဝန်တွေ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုလွဲမှားတာတွေကြောင့် အရင်လို စကားမပြောဖြစ်တော့ဘဲ တိတ်ဆိတ်မှုတွေက သူတို့ကြားကို တဖြည်းဖြည်း ဝင်ရောက်လာပါတော့တယ်ပြဿနာတွေကို ရင်ဖွင့်မပြောဘဲ ကိုယ့်ခံစားချက်ကိုယ် မျိုသိပ်ထားကြတာက အချစ်တွေကို တဖြည်းဖြည်း ဝေးကွာစေပြီး အတူရှိနေပေမဲ့ သူစိမ်းတွေလို ဖြစ်လာစေပါတယ် မင်္ဂလာနှစ်ပတ်လည်နေ့မှာတောင် ကျစ်လျန်က အဲဒီနေ့ကို မေ့နေခဲ့တာဟာ စူးရွေ့အတွက် နောက်ဆုံးမျှော်လင့်ချက်ကိုပါ ပျက်စီးသွားစေပါတယ်… အဲဒီအချိန်မှာပဲ ဆက်ဆံရေးက အဆုံးသတ်ကို ဦးတည်သွားခဲ့တဲ့အခါမှာတော့… ဒီကားလေးဟာ အိမ်ထောင်ရေးကို ဖျက်ဆီးတာဟာ ကြီးမားတဲ့ ရန်ဖြစ်မှုတွေ သစ္စာဖောက်မှုတွေကြောင့်ပဲ မဟုတ်ဘဲ တစ်ယောက်က မပြောတော့တာ တစ်ယောက်က မမေးတော့တာ တဖြည်းဖြည်း ကြီးထွားလာတဲ့ "တိတ်ဆိတ်မှု" ကြောင့်လည်း ဖြစ်နိုင်ကြောင်း ရင်ထဲထိအောင် ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ် နောက်ဆုံးမှာတော့ "ငါတို့နှစ်ယောက်ကို ခွဲခွာစေခဲ့တာ တတိယလူမဟုတ်ဘူး... တဖြည်းဖြည်း ကြီးထွားလာတဲ့ တိတ်ဆိတ်မှုပါပဲ" ဆိုတဲ့ မက်ဆေ့ချ်ကို ပရိသတ်ဆီ ရောက်အောင်ထိ ရသဖော်ဆောင်ပေးသွားမှာပါ အိမ်ထောင်ရေး မိသားစုဆက်ဆံရေးနဲ့ လက်တွေ့ဘဝ ဇာတ်လမ်းအမျိုးအစားကို ကြိုက်တဲ့သူတွေအတွက် ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ အကြံပြုချင်ပါတယ် Filesize : 0.99 GB / 526 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres :Family , Drama Runtime : 1h 35 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်လမ်းအကြောင်း