RocknRolla
လန်ဒန်အိမ်ခြံမြေလောကကို လက်ထဲမှာ ချုပ်ကိုင်ထားတဲ့ လန်နီကိုးလ်ဟာ လောဘကြီးတဲ့ သူဌေးတစ်ယောက်ပါ။ ရုရှားသူဌေးတစ်ယောက်က သူ့ဆီ လုပ်ငန်းကိစ္စနဲ့ ဆက်သွယ်လာရာကနေ မထင်မှတ်တဲ့ တိုက်ဆိုင်မှုတွေ ဖြစ်လာပြီး ဝိုင်းဘန့်ချ်ဆိုတဲ့ ဒုစရိုက်အဖွဲ့ပါ သူတို့နှစ်ယောက်ကြားမှာ ပတ်သက်မိသွားပါတယ်။ Guy Ritchie ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ လန်ဒန်ဒုစရိုက်လောက၊ မူးယစ်ဆေးဝါးနဲ့ အိမ်ခြံမြေဥပဒေပိုင်း အကျင့်ပျက်ခြစားမှုတွေကို ဆက်စပ်တင်ပြထားပါတယ်။ တိုက်ဆိုင်မှုတွေက ဝိုင်းဘန့်ချ်ကို ဘယ်အထိ ဆွဲခေါ်သွားမလဲ၊ အကွက်ကျကျ ကောက်ကျစ်တတ်တဲ့ သူဌေးနှစ်ယောက်ကြားမှာ သူတို့ မြေစာပင်ဖြစ်သွားမလားဆိုတာ လိုက်ကြည့်ရမှာပါ။
ဇာတ်လမ်းအကြောင်း