ဇာတ်ကားများ ရွေးရန်

The Get Out

2026ဇာတ်ကားအမှတ် 8.5/10111 မိနစ်

The Get Out (2026) ++++++++++++ ၂၀၂၆ အသစ်ထွက် Action-Thriller ရုပ်ရှင်ကားသစ် "Bear Country" သို့မဟုတ် The Get Out လာပါပြီ။ နာမည်ကြီး Unhinged ကားရဲ့ ဒါရိုက်တာ Derrick Borte နဲ့ မင်းသားကြီး ရပ်ဆဲလ်ခရိုး (Russell Crowe) တို့ ပြန်လည်လက်တွဲထားတဲ့ ကားဖြစ်လို့ အက်ရှင်ကြမ်းကြမ်းနဲ့ စိတ်လှုပ်ရှားစရာ အချိုးအကွေ့တွေကို အားရပါးရ မြင်တွေ့ရမှာပါ။ ဇာတ်လမ်းအကျဉ်း +++++++++++ ဇာတ်လမ်းက လော့စ်အိန်ဂျလိစ်မြို့က နာမည်ကြီး ညကလပ်ပိုင်ရှင်ကြီး မန်ကို ကာပတ် (Manco Kapak) အကြောင်းကို အဓိကထား ရိုက်ကူးထားတာပါ။ အသက်အရွယ်လည်း ရလာပြီဖြစ်တဲ့ ကာပတ်ဟာ သူ့ရဲ့ ညကလပ်ကို ရောင်းချပြီး ချစ်သူကောင်မလေး ဆန်နီ (Sunny) နဲ့အတူ ထိုင်းမှာ အေးအေးချမ်းချမ်း အနားယူဖို့ စီစဉ်နေခဲ့တာပါ။ ဒါပေမဲ့ မျှော်လင့်မထားဘဲ သူ့ကလပ်ကို မျက်နှာဖုံးစွပ် သေနတ်သမားတစ်ယောက်က ဝင်ရောက်ဓားပြတိုက်သွားတဲ့အခါမှာတော့ အရာရာက ဇောက်ထိုးမိုးမျှော် ဖြစ်သွားပါတော့တယ်။ ဒီဖြစ်ရပ်ကြောင့် သူ့ရဲ့ အေးချမ်းတဲ့ အနားယူမယ့်အိပ်မက်လေး ပျက်စီးသွားတဲ့အပြင်၊ နောက်ဆက်တွဲအနေနဲ့ မူးယစ်ဂိုဏ်း (Cartel) တွေရဲ့ ဖိအားပေးမှုတွေ၊ အကျင့်ပျက်ရဲတွေရဲ့ ဇာတ်ရှုပ်တွေကြားထဲ သူပါ ပါဝင်ပတ်သက်သွားရပါတယ်။ ဒါ့အပြင် သူ့ကလပ်ကို ဝယ်လက်ဟန်ဆောင်ပြီး ဝင်လာတဲ့ လျှို့ဝှက် ဖက်ဒရယ်စုံထောက် တစ်ယောက်ကြောင့်လည်း ဇာတ်လမ်းက ပိုပြီး ရှုပ်ထွေးလာပါတော့တယ်။ Russell Crowe က ညကလပ်ပိုင်ရှင်ကြီး မန်ကို ကာပတ် အနေနဲ့ ခပ်ကြမ်းကြမ်း ဇာတ်ရုပ်ကနေ သရုပ်ဆောင်ထားပါတယ်။ Teresa Palmer ကတော့ ကာပတ်ရဲ့ ချစ်သူ ဆန်နီ နေရာကနေ ပါဝင်ထားပါတယ်။ Luke Evans က ကလပ် ဝယ်လက်ဟန်ဆောင်ထားတဲ့ လျှို့ဝှက်စုံထောက် ဂျိုး ကာဗာ ဇာတ်ရုပ်ပါ။ Aaron Paul က မတော်တဆ ဓားပြမှုထဲ ပါသွားတဲ့ ကောလိပ်ဆရာ ဂျက်ဖ် ဇာတ်ရုပ်ပါ။ Nina Dobrev နဲ့ Daniel Zovatto တို့လို နာမည်ကြီး သရုပ်ဆောင်တွေလည်း အများကြီး အားဖြည့်ပါဝင်ထားပါတယ်။ ဒီကားက Thomas Perry ရဲ့ စာအုပ် "Strip" ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ အက်ရှင်နဲ့ သည်းထိတ်ရင်ဖိုချည်းသက်သက် မဟုတ်ဘဲ ရပ်ဆဲလ်ခရိုးရဲ့ အရင် The Nice Guys ကားတုန်းကလိုမျိုး လူမိုက်ကြီးပေမဲ့ ဟာသနှောတဲ့ ဇာတ်ရုပ်မျိုးကို ပြန်မြင်ရမှာပါ။ မြေအောက်ရာဇဝတ်မှုတွေ၊ လျှို့ဝှက်ဆန်ဆန် ဇာတ်ကွက်တွေနဲ့ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေကို သဘောကျတဲ့ ပရိသတ်တွေအတွက် အကြိုက်တွေ့မယ့် ကားကောင်းတစ်ကားပါပဲ။ File Size… (1.12GB) / (699MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 41m Genre ….Action , Thriller Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း