ဇာတ်ကားများ ရွေးရန်

A Foggy Tale

2025ဇာတ်ကားအမှတ် 7.5/10134 မိနစ်

သမိုင်းဆိုတာ အောင်ပွဲတွေနဲ့သာ ရေးထားတာမဟုတ်ပါဘူး…တချို့စာမျက်နှာတွေကတော့ မပြောဝံ့ခဲ့တဲ့ နာကျင်မှုတွေ၊ အိမ်မပြန်နိုင်ခဲ့တဲ့ လူတွေရဲ့အိပ်မက်တွေနဲ့ ရေးသားထားတာပါ A Foggy Tale (2025) ဆိုတဲ့ ဒီရုပ်ရှင်လေးကလည်း ထိုင်ဝမ်ရဲ့ White Terror ခေတ်ကို အခြေခံထားပြီး နိုင်ငံရေးအကြောင်းထက် မိသားစုနဲ့ မျှော်လင့်ချက်ကို အဓိကထား ပြောပြထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်ဒါရိုက်တာ Chen Yu-hsun ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ 1950 ပြည့်လွန်နှစ်များက ကူမင်တန်စစ်အုပ်ချုပ်ရေးအောက်မှာ နိုင်ငံရေးသံသယရှိသူတွေကို ဖမ်းဆီး ကွပ်မျက်မှုတွေ အများအပြား ဖြစ်ပွားခဲ့တဲ့ White Terror ကာလကို နောက်ခံထားထားတာ ဖြစ်ပါတယ်… အဲဒီလို နာကျင်စရာသမိုင်းကို လူတစ်ယောက်ချင်းစီရဲ့ ဘဝထဲကနေ တိတ်တိတ်လေး ပြောပြနိုင်ခဲ့တာကြောင့် 2025 Golden Horse Awards မှာ Best Narrative Feature ဆုကို ရရှိခဲ့တာလည်း ဖြစ်ပါတယ် ဇာတ်လမ်းကတော့ Chiayi မှာနေတဲ့ လူငယ်မိန်းကလေး အားယွဲ့ရဲ့ အစ်ကိုဟာ နိုင်ငံရေးအမှုနဲ့ ကွပ်မျက်ခံလိုက်ရပြီးနောက် သူ့ရဲ့ အရိုးအကြွင်းအကျန်ကို ပြန်လည်သယ်ဆောင်ဖို့ ထိုင်ပေကို တစ်ယောက်တည်း ခရီးထွက်လာခဲ့ပါတယ်ဒါပေမဲ့ ဒီခရီးဟာ အစ်ကိုရဲ့ အရိုးကို ရှာဖွေတဲ့ ခရီးတစ်ခုတည်း မဟုတ်ဘဲ သိုဝှက်ထားတဲ့ အနာတရတွေ စစ်အပြီး မပြီးဆုံးသေးတဲ့ ဝမ်းနည်းမှုတွေ မတူညီတဲ့ လူတွေအကြား နားလည်မှုနဲ့ မေတ္တာကို ရှာတွေ့သွားတဲ့ ခရီးလည်း ဖြစ်လာပါတယ် လမ်းခရီးတစ်လျှောက် သူမဟာ စစ်သားတစ်ယောက်၊ လန်ချားမောင်းသမားတစ်ယောက်နဲ့ ဆုံတွေ့ရင်း သူတို့တစ်ယောက်ချင်းစီမှာလည်း ကိုယ်ပိုင်အတိတ်နဲ့ မပြောဖြစ်တဲ့ ဒဏ်ရာတွေ ရှိနေကြောင်း သိလာရတဲ့အခါ... ဘယ်သူက အဖြူ၊ ဘယ်သူက အမည်းဆိုပြီး မခွဲခြားဘဲ အာဏာ၊ စစ်နဲ့ နိုင်ငံရေးရဲ့ကြားမှာ သာမန်လူတွေ ဘယ်လောက်ထိ ကြေမွခဲ့ရသလဲဆိုတာ... အချိန်ကတော့ ရှေ့ကို ရွေ့သွားခဲ့ပေမဲ့ ဆုံးရှုံးမှုတချို့ကတော့ အချိန်ဘယ်လောက်ကြာကြာ မပျောက်ကွယ်သွားဘူးဆိုတာ… နှစ်ပေါင်း ၅၀ ကျော်ကြာပြီးနောက် အားယွဲ့ဟာ တစ်ချိန်က သူ့ကို ကူညီခဲ့တဲ့ လူတစ်ယောက်နဲ့ ပြန်ဆုံရပါတယ်… တစ်ယောက်က သေဒဏ်မကျဘဲ ထောင်နှစ်ရှည်ကျခဲ့သူ၊ တစ်ယောက်ကတော့ အစ်ကိုရဲ့ အရိုးကို အိမ်ပြန်ခေါ်နိုင်ခဲ့သူအချိန်တွေ ပြောင်းလဲသွားပေမဲ့ သူတို့ရဲ့ မှတ်ဉာဏ်တွေကတော့ မပြောင်းလဲခဲ့ဘဲရှိနေကြတဲ့အခါ… သရုပ်ဆောင်ပိုင်းမှာ Caitlin Fang က အားယွဲ့အဖြစ် နူးညံ့ပေမဲ့ မလျှော့တဲ့ စိတ်ဓာတ်ရှိတဲ့ အမျိုးသမီးငယ်လေးနေရာကို သဘာဝကျကျ ပုံဖော်ထားပါတယ်… Will Or နဲ့ 9m88 တို့ရဲ့ သရုပ်ဆောင်မှုတွေကလည်း ဇာတ်လမ်းနဲ့ ကွက်တိကျကျ လိုက်ဖက်ညီညီ သရုပ်ဆောင်ထားပါတယ် နောက်ထပ် သဘောကျစရာတစ်ခုကတော့ ဇာတ်လမ်းတစ်လျှောက် Taiwanese Hokkien ဘာသာနဲ့ ပြောဆိုထားတာပဲ ဖြစ်ပါတယ် Historical အမျိုးအစား Slow-burn ကိုမှ စိတ်ထဲမှာ အချိန်အကြာကြီး ကျန်နေမဲ့ ရုပ်ရှင်မျိုးကို နှစ်သက်တယ်ဆိုရင် A Foggy Tale ကို လုံးဝ လက်မလွတ်သင့်ပါဘူး Filesize : 1.56 GB / 854 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Drama Runtime : 2h 14 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း