ဇာတ်ကားများ ရွေးရန်

The Mermaids 2: The Mysterious Island

2025ဇာတ်ကား75 မိနစ်

Sirenele 2: Insula misterioasa (2025) သာမန်လူသားတွေလိုပဲ အေးအေးချမ်းချမ်း ဖြတ်သန်းချင်ကြတဲ့ ဆယ်ကျော်သက် ရေသူမညီအစ်မသုံးဦးဖြစ်ကြတဲ့ ဆီလီနာ မီလန် နဲ့ လီနာ တို့အကြောင်းကနေ စတင်ထားပါတယ်။ သူတို့သုံးယောက်ဟာ သူတို့ပိုင်ဆိုင်ထားတဲ့ ထူးဆန်းတဲ့ မှော်စွမ်းအားတွေကို လုံးဝစွန့်လွှတ်ပြီး သာမန်မိန်းကလေးတွေအဖြစ် နေထိုင်နိုင်ဖို့ နည်းလမ်းရှာရင်း... ပင်လယ်ပြင်က လျှို့ဝှက်ဆန်းပြားတဲ့ ကျွန်းတစ်ကျွန်း ပေါ်ကို ရောက်ရှိလာခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ထင်သလို ဘဝက လွယ်ကူမနေခဲ့ပါဘူး။ ရေသူမတွေကို ဖမ်းဆီးပြီး စွမ်းအားတွေကို လုယူချင်ကြတဲ့ ရေသူမမုဆိုးတွေဟာ သူတို့နဲ့ မလှမ်းမကမ်း နေရာအထိ ကပ်လိုက်လာကြပြီး ထောင်ချောက်တွေ ဆင်ပါတော့တယ်။ ရန်သူတွေက ပိုမိုနီးကပ်လာတဲ့အပြင်... ကျွန်းပေါ်က မမြင်ရတဲ့ လျှို့ဝှက်ချက်တွေကြောင့် ရေသူမလေးတွေဟာ သူတို့ရဲ့ စွမ်းအားဟောင်းတွေကို စွန့်လွှတ်ဖို့အစား... အသက်ရှင်ဖို့နဲ့ ရန်သူတွေကို တိုက်ခိုက်ဖို့အတွက် စွမ်းအားသစ်တွေကို ထပ်မံရှာဖွေရမယ့် အခြေအနေ ဖြစ်လာပါတော့တယ်။ ကူညီမယ့် မိတ်ဆွေအသစ်တွေရဲ့ အကူအညီနဲ့အတူ ရေသူမလေးတွေ ကျွန်းပေါ်က အန္တရာယ်တွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ပြီး စွန့်စားခန်းထွက်ကြမလဲ ကြည့်ရမှာပါ

ဇာတ်လမ်းအကြောင်း