ဇာတ်ကားများ ရွေးရန်

The Crimes That Bind

2018ဇာတ်ကားအမှတ် 7.3/10119 မိနစ်

The Crimes That Bind (2018) ဒီဇာတ်ကားလေးကတော့ လူသတ်မှုတစ်ခုကနေ အစပြုလို့ တကယ့်ကို မထင်မှတ်ထားတဲ့ ဇာတ်အိမ်အလှည့်အပြောင်းတွေနဲ့ သဲလွန်စတွေက အဖြေရှာရမဲ့ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ စုံထောက် ခါဂါဟာ လွန်ခဲ့တဲ့ ၁၆ နှစ်က ပျောက်ဆုံးသွားခဲ့တဲ့ သူ့အမေကို လိုက်ရှာရင်း သူ့အမေ နောက်ဆုံးဇာတ်မြုပ်နေထိုင်ခဲ့ပြီး ဆုံးပါးသွားခဲ့တဲ့ နယ်မြို့လေးမှာ အမေ့ရဲ့အကြောင်းတွေကို ပိုသိရလို သိရငြား ရာထူးတိုးတွေ လက်မခံပဲ အဲဒီမြို့မှာပဲ ရဲအရာရှိအဖြစ် တာဝန်ထမ်းဆောင်နေသူပါ။ တစ်နေ့မှာတော့ ဂျပန်တစ်နိုင်ငံလုံးကို လှုပ်ခတ်သွားစေတဲ့ အလောင်းနှစ်ခုက တစ်ပြိုင်နက်တည်းဆိုသလို ပေါ်ထွက်လာခဲ့ပါတယ်။ ဒါကြောင့် ဂျပန်နိုင်ငံက ရဲဌာနတွေ အားလုံးပူးပေါင်းပြီးတော့ ဒီလူသတ်မှုကို ဝိုင်းဝန်းအဖြေရှာတဲ့အခါမှာ ဒီလူသတ်မှုနှစ်ခုက ဆက်စပ်နေတာကို တွေ့ရှိခဲ့ရပါတယ်။ စုံထောက် ခါဂါဟာလည်း ဝိုင်းဝန်းစုံစမ်းရင်းကနေ ဒီလူသတ်မှုနှစ်ခုက ပျောက်ဆုံးသွားတဲ့ သူ့အမေနဲ့ပါ ဆက်စပ်နေသလို စိတ်ထဲက ပြင်းပြင်းပြပြ ခံစားခဲ့ရပါတယ်။ ဒီတော့ စုံထောက် ခါဂါအနေနဲ့ ဒီလူသတ်မှုနှစ်ခုက ဘယ်လိုဆက်စပ်နေတာလဲဆိုတာ စုံစမ်းရင်းနဲ့ သူ့အမေအကြောင်းကို ဘယ်လိုပိုသိလာရမလဲဆိုတာကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း