Total Eclipse
Total Eclipse (1995) ဒီဇာတ်ကားလေးကတော့ လီယိုနာဒိုနဲ့ ဒေးဗစ်သွန်းလစ်တို့လို ကမ္ဘာကျော်မင်းသားကြီးတွေ သူတို့ နုပျိုစဉ်အချိန်မှာ မြင်တွေ့ရမဲ့ ကဗျာနဲ့ ရမ္မက်ကို ပေါင်းစပ်ပြီး ရိုက်ကူးတင်ဆက်ထားတဲ့ ၉၀ ရာစု ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ပေါလ် ဗာလိန်းဟာ ပြင်သစ်က ကဗျာဆရာတစ်ယောက်ဖြစ်ပြီးတော့ လူကုံထံတစ်ယောက်ရဲ့ သမီးပျို ငယ်ငယ်ချောချောလေးနဲ့ လက်ထပ်ထားပြီး သူ့ဇနီးဖြစ်သူဟာလည်း ကိုယ်ဝန်လွယ်ထားရပါတယ်။ ဒါပေမဲ့ ပေါလ်ဟာ ကွန်မြူနစ်ကို ဆန့်ကျင်တဲ့ ဝါဒဖြန့်စာပေတွေ ရေးသားခဲ့တာမို့ လူမှုအဖွဲ့အစည်းက ဝိုင်းကြဉ်ခံထားရပြီး အလုပ်မရှိ ဝင်ငွေမရှိပဲ ယောက္ခမ အိမ်မှာ ကပ်နေရပါတယ်။ တစ်နေ့မှာတော့ အာဟာ ရမ်ဘိုးဆိုတဲ့ ကဗျာကိုရူးသွပ်ပြီး ပါရမီကောင်းလွန်းတဲ့ ဆယ်ကျော်သက် အင်္ဂလိပ်ကောင်လေးဟာ ပေါလ် ဗာလိန်းဆီလာပြီး အတူအလုပ်လုပ်ချင်တဲ့အတွက် စာရေးပို့လာခဲ့ပါတယ်။ ဒီတော့ ဗာလိန်းမှာ အာသာကို သူ့ယောက္ခမအိမ်ကို ဖိတ်ပြီး ကဗျာတွေ အတူရေးဖို့ လုပ်ကြရာကနေ သူတို့ဘဝတွေ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို အနုပညာနဲ့ ရမ္မက်ကို ထင်ဟပ်စွာ ကြည့်ရှုရမှာဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း