Rental Love lab
"အချစ်ဆိုတာကို နားမလည်တဲ့သူနဲ့ အချစ်ကို မယုံကြည်တဲ့သူ နှစ်ယောက်ဆုံတွေ့ကြတဲ့အခါ..." GL (Girls' Love) ဇာတ်လမ်းလေးတွေကိုမှ သဘောကျပါတယ်ဆိုတဲ့ ပရိသတ်တွေအတွက် ထိုင်း Romance/Drama စီးရီး အသစ်စက်စက်လေးတစ်ခုကို တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းလေးကတော့ "Love Lab" ဆိုတဲ့ အေဂျင်စီလေးကနေ စတင်ထားပါတယ်။ ဒီအေဂျင်စီက ဖောက်သည်တွေ လိုအပ်သမျှ တာဝန်တွေကို အကုန်လုပ်ပေးတဲ့ နေရာတစ်ခုပေါ့။ ကလဲ ဆိုတာက အဲဒီအေဂျင်စီက စိတ်ဆတ်ပြီး အလုပ်ကို တိတိကျကျလုပ်တတ်တဲ့ ဝန်ထမ်းမလေးပါ။ တစ်ရက်မှာတော့ ကလဲဆီကို တာဝန်တစ်ခုကျလာပါတယ်။ အဲဒါကတော့ နာမည်ကြီး လျှို့ဝှက်ဆန်းကြယ် ဝတ္ထုရေးဆရာမ အဲရစ်ကို စောင့်ရှောက်ပေးရမယ့်အလုပ်ပါ။ ထူးဆန်းတာက အဲရစ်က သူ့ရဲ့ နောက်ဝတ္ထုသစ်အတွက် သုတေသနလုပ်ဖို့ "ရိုမန်တစ်ဆန်တဲ့ ဇာတ်ဝင်ခန်း" တွေကို လက်တွေ့ သရုပ်ဆောင်ပြမယ့် အငှားချစ်သူ ပါတနာတစ်ယောက် လိုအပ်နေတာပါပဲ။ ဒီလိုနဲ့ အငှားချစ်သူအဖြစ် သရုပ်ဆောင်ရင်း ထူးဆန်းတဲ့ စမ်းသပ်မှုတွေကြားမှာ သူတိုနှစ်ယောက်ရဲ့ အကွာအဝေးက တဖြည်းဖြည်း နီးကပ်လာတဲ့အခါ… "တချို့အချစ်တွေက မျှော်လင့်မထားတဲ့ အချိန်မှာ ပွင့်လန်းလာတတ်တယ်" ဆိုတဲ့အတိုင်းပဲ တစ်ယောက်က အချစ်ကို တစ်ခါမှ နားမလည်ခဲ့ဖူးသလို၊ နောက်တစ်ယောက်ကလည်း အချစ်ကို ဘယ်တော့မှ မယုံကြည်ခဲ့သူတွေမို့ သူတို့နှစ်ယောက်ရဲ့ ဒီ "အချစ်စမ်းသပ်မှု" ကြီးက တကယ့် အချစ်စစ်အဖြစ် ပြောင်းလဲသွားမလားဆိုတာ ရင်ခုန်စရာ ကြည့်ရှုရမှာပါ။ အချစ်၊ သံယောဇဉ်နဲ့ နားလည်မှုတွေကို ဖြည်းဖြည်းချင်း တည်ဆောက်သွားမယ့် ဇာတ်လမ်းလေးဖြစ်လို့ ကြည်နူးစရာလေးတွေနဲ့ ရင်ခုန်ချင်စရာကောင်းတဲ့ ကားကောင်းလေး ရှာနေတဲ့ GL Fan တွေ လက်မလွတ်တမ်း ရှုစားလိုက်ကြပါဦးနော်။
ဇာတ်လမ်းအကြောင်း