ဇာတ်ကားများ ရွေးရန်

Kaede

2025ဇာတ်ကားအမှတ် 7.0/10120 မိနစ်

နှစ်အစပိုင်းလောက်က နာမည်ကြီး ကိုရီးယား Netflix စီးရီး Can This Love Be Translated ထဲမှာ ဒုတိယမင်းသားအနေနဲ့ရော ပါဝင်ခဲ့ပေးတဲ့ ဂျပန်နာမည်ကြီးမင်းသား Sota Fukushi ရဲ့ အသစ်ထွက်ရှိလာတဲ့ အချစ်ဒရမ်မာကားကောင်းလေးဖြစ်ပါတယ်။ ဂျပန်ရုပ်ရှင်တွေကြည့်နေကြလူတွေဆိုလည်း သူ့ရဲ့ My Tomorrow, Your Yesterday တို့ As the Gods Will တို့နဲ့ သိကြပါလိမ့်မယ်။ မင်းသမီးကတော့ အဆိုတော်အနေနဲ့ စတင်ပွဲထွက်ပြီး Anime ကနေ LA ကို ကူးပြောင်းလာခဲ့တဲ့ Haruka Fukuhara ပဲ ဖြစ်ပါတယ်နော်။ ဒီရုပ်ရှင်လေးရဲ့ဇာတ်လမ်းလေးကလည်း တကယ်ကို ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းပြီး စိတ်ဝင်စားစေရမှာပါ။ ကယ်ဆိုတဲ့ နက္ခတ်ဗေဒဆိုင်ရာ စိတ်ဝင်စားတဲ့ကောင်လေးနဲ့ သူ့ချစ်သူ အာကိုဆိုတဲ့ ကောင်မလေးတို့ဟာ နယူးဇီလန်ကို အလည်အပတ်ထွက်လာပြီး နှစ်ယောက်သား ကားအက်စီးဒန့် ဖြစ်ပြီး ကယ်က ဆုံးပါးသွားခဲ့ပါတယ်။ ဒါပေမဲ့ ကယ်ရဲ့အမွှာညီဖြစ်သူ ဓာတ်ပုံသမား ရိုကို အက်စီးဒန့်ကြောင့် ရှော့ခ်ဖြစ်နေတဲ့ အာကိုက သူ့ချစ်သူ ကယ်နဲ့ အမှတ်မှားပြီး ကယ်လို့ထင်နေခဲ့တာကို အမှန်အတိုင်းမပြောရက်ပဲ ရိုတစ်ယောက်ဟာ သူ့အစ်ကိုအဖြစ် ဟန်ဆောင်နေထိုင်ခဲ့ပါတော့တယ်။ အဲဒီမှာတင် ရိုအနေနဲ့ သူ့လက်ရှိဘဝရော သူ့အစ်ကိုဘဝရောကို အဆင်ပြေသလို ဘဝနှစ်ခုနေထိုင်လာရင်း အာကိုကိုလည်း တဖြည်းဖြည်းနဲ့ ချစ်မိလာတဲ့အခါမှာတော့.....................။ နယူးဇီလန်က ရှုခင်းအလှအပတွေနဲ့ရော ရိုမန်တစ်ကြိုက်နှစ်သက်တဲ့သူတွေရော ပေါင်းစပ်ခံစားနိုင်စေမယ့် ဂျပန်အချစ်ကားကောင်းလေးပဲ ဖြစ်လို့ အမြန်တင်ဆက်ပေးလိုက်ရပါတယ်။

ဇာတ်လမ်းအကြောင်း