ဇာတ်ကားများ ရွေးရန်

Unconnected

2026ဇာတ်ကားအမှတ် 4.0/10117 မိနစ်

Unconnected (2026) Sylvia Vanguard က အရာအားလုံး ပြီးပြည့်စုံနေတဲ့ မိန်းမတစ်ယောက်ပေါ့။ ငွေကြေးချမ်းသာ၊ အလုပ်အကိုင် အောင်မြင်ပြီး အရမ်းချစ်ပြီး အားပေးတတ်တဲ့ လက်တွဲလာတာကြာတဲ့ ချစ်သူတစ်ယောက်လည်း ရှိတယ်။ ဒါပေမဲ့ အရာအားလုံး ပြည့်‌စုံနေတဲ့ သူ့ဘဝမှာ သူ လိုအပ်နေတာတစ်ခုတော့ ရှိနေပါသေးတယ်။ အဲဒါကတော့ ကလေးတစ်ယောက် ရဖို့ပဲ ဖြစ်ပါတယ်။ Sylvia က မိခင်တစ်ယောက်ဖြစ်ချင်ကြောင်း ပြောလာတဲ့အချိန်မှာတော့ သူ့ချစ်သူက လက်မခံခဲ့လို့ သူတစ်ယောက်တည်း ကလေးယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒါကတော့ သူတို့တွေ ၁၅ နှစ်ကြာအောင် အေးခဲထားခဲ့တဲ့ သန္ဓေသားလောင်းကိုယူပြီး ပြုစုပျိုးထောင်ဖို့ပါပဲ။ ဒီလိုနည်းနဲ့ မွေးလာတဲ့ သမီးလေး Ryan ရဲ့ဝိညာဉ်က ခန္ဓာကိုယ်ထက် အသက် ၁၅ နှစ်လောက် ကြီးပြီး ရင့်ကျက်နေချိန်မှာတော့ Ryan က သူနဲ့ရွယ်တူတွေနဲ့ မပေါင်းသင်းနိုင်ဘဲ အမြဲတမ်းထူးဆန်းနေတဲ့ မိန်းကလေးတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီထူးဆန်းမှုတွေက သာမန်ထက်ပိုနေပြီး Ryan တစ်ယောက် ဘာခံစားချက်ကိုမှ မခံစားရဘဲ တဖြည်းဖြည်းပြောင်းလဲလာချိန်မှာတော့ တခြားလူတွေကို အန္တရာယ်မပြုမိခင် Sylvia နဲ့ သူ့အမေတို့က Ryan ကို အချိန်မီတားဆီးနိုင်ပါ့မလား ဆိုတာကတော့.....။ File size… (1.3 GB) / (690 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Thriller, Romance Duration…. 01:57:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း