ဇာတ်ကားများ ရွေးရန်

Milea

2020ဇာတ်ကားအမှတ် 6.0/1099 မိနစ်

ဆိုင်ကယ်ဂိုဏ်းအဖွဲ့နဲ့ ပျော်ပါးအချိန်ကုန်နေတတ်တဲ့ ဒီလန်ဟာ ကျောင်းသူသစ် မီလယ်ရာအာဒမ်ဟူစိန်၊ လီယာလို့လည်း ခေါ်တဲ့ ကောင်မလေးကို ချစ်မိသွားပါတယ်။ သူ့ကို စိတ်ဝင်စားလာအောင် နည်းမျိုးစုံနဲ့ ကြိုးစားရင်း နောက်ဆုံးမှာ နှစ်ယောက်သား ချစ်သူတွေဖြစ်သွားကြတယ်။ လီယာက ရန်ပွဲတွေ မကြာခဏဖြစ်တတ်တဲ့ ဆိုင်ကယ်အဖွဲ့ကို သဘောမကျပေမယ့် စကားချိုချိုလေးတွေ ပြောတတ်ပြီး နွေးထွေးတဲ့ ဒီလန်ကိုတော့ မြတ်နိုးပါတယ်။ ဒီလန်ကို ဆိုင်ကယ်အဖွဲ့နဲ့ မပတ်သက်စေချင်တာကြောင့် လီယာက လမ်းခွဲမယ်လို့ တမင်ခြိမ်းခြောက်ပြီး သတိပေးလိုက်တယ်။ အဲဒီကနေ တကယ်ခွဲခွာသွားကြပြီး အထက်တန်းကျောင်းပြီးလို့ အရွယ်ရောက်၊ ဘွဲ့ရတဲ့အထိ ဝေးနေခဲ့ကြပါတယ်။ မထင်မှတ်ထားတဲ့ တစ်နေ့မှာတော့ သူတို့နှစ်ယောက် ပြန်ဆုံကြတယ်။ ဒီအင်ဒိုနီးရှားအချစ်ဇာတ်ကားမတိုင်ခင် Dilan 1990 (2018) နဲ့ Dilan 1991 (2019) ဆိုပြီး ဇာတ်လမ်းအပိုင်းတွေ ထွက်ရှိထားပါတယ်။ အထက်တန်းကျောင်းဘဝက အမှတ်တရတွေနဲ့ ချစ်နေသေးပေမယ့် အတူမရှိနိုင်တော့တဲ့အခါ အမှတ်တရတွေကိုပဲ သိမ်းထားရတဲ့ ခံစားချက်မျိုးကို ရေးဖွဲ့ထားတာပါ။

ဇာတ်လမ်းအကြောင်း