ဇာတ်ကားများ ရွေးရန်

Domm

2026ဇာတ်ကားအမှတ် 6.3/10128 မိနစ်

Domm: Until the Last Breath (2026) နောက်ဆုံးထွက်သက်ထိ IMDb (6.9/10) ၂၀၂၆ ခုနှစ် မတ်လ အိဒ်ပွဲတော်နေ့ မှာ ရုံတင်ပြသခဲ့တဲ့ ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဘင်္ဂလားဒေ့ရှ် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။ နာမည်ကြီး ဒါရိုက်တာ Redoan Rony က ရိုက်ကူးပြီး လူကြိုက်များတဲ့ မင်းသားကြီး Chanchal Chowdhury၊ မင်းသား Afran Nisho နဲ့ မင်းသမီး Puja Cherry တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။ရုပ်ရှင်အကဲဖြတ်သူတွေဆီက ချီးကျူးမှု အများအပြားရရှိခဲ့ပြီး ၂၀၂၆ ခုနှစ်ရဲ့ ဘင်္ဂလားဒေ့ရှ် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်စာရင်းထဲမှာ (နံပါတ် ၃ နေရာ) ရပ်တည်နေတဲ့ ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ၂၀၀၈ ခုနှစ်တုန်းက အာဖဂန်နစ္စတန်နိုင်ငံရဲ့ NGO လူမှုရေးအဖွဲ့အစည်းမှာ သွားရောက်အလုပ်လုပ်ကိုင်ရင်း တာလီဘန်အဖွဲ့ရဲ့ ပြန်ပေးဆွဲဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား Md. Noor Islam ရဲ့ ဖြစ်ရပ်မှန်အကြောင်းကို ပုံဖော်ထားတာပါ။ မြို့လေးတစ်မြို့က ရိုးသားတဲ့အလုပ်သမားတစ်ဦးဖြစ်သူ နူးရ် ဟာ သူ့ရဲ့မိခင်နဲ့ ဇနီးသည်ဖြစ်သူတို့ကို ထားရစ်ပြီး မိသားစုဝမ်းရေးအတွက် နိုင်ငံခြားမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့ အခွင့်အရေးရခဲ့ပါတယ်။ ဒါပေမဲ့ မျှော်လင့်ချက်အပြည့်နဲ့ ရောက်သွားတဲ့ ပြည်ပတိုင်းပြည်မှာတော့ သူဘယ်တုန်းကမှ မတွေးဝံ့စရာ ကြောက်စရာကောင်းတဲ့ အိမ်မက်ဆိုးကြီးနဲ့ ထိပ်တိုက်တိုးပါတော့တယ်။ နူးရ်ကို တာလီဘန်အဖွဲ့က ဖမ်းဆီးသွားပြီး သူတို့ခေါင်းဆောင်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အစားအစာ ပြတ်လတ်မှု၊ နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ ငရဲခန်းလို ရက်ပေါင်း ၈၄ ရက် (၃ လနီးပါး) ကြာ ဖမ်းဆီးချုပ်နှောင်ခံထားရချိန်မှာနူးရ် ဟာ သူ့ရဲ့ မွေးရပ်မြေနဲ့ မိသားစုဆီ ပြန်ချင်တဲ့ စိတ်ဓာတ်တစ်ခုတည်းနဲ့တင် အသက်မသေဘဲ ကြံ့ကြံ့ခံ ရှင်သန်နိုင်ဖို့ ရုန်းကန်ရပုံတွေကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ်။ File size… 1.65 GB / 909 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration…. 2h 8m Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း