ဇာတ်ကားများ ရွေးရန်

Peace Hotel

1995ဇာတ်ကားအမှတ် 5.9/1090 မိနစ်

ဟောင်ကောင်ရုပ်ရှင်လောကရဲ့ ရွှေခေတ်က ထွက်ရှိခဲ့ပြီး... ဂန္ထဝင်မင်းသားကြီး ချောင်ယွန်းဖတ်ရဲ့ ဟောလိဝုဒ်ဘက်ကိုမပြောင်းခင် ဟောင်ကောင်မှာ နောက်ဆုံးရိုက်ကူးခဲ့တဲ့ သမိုင်းဝင် အမိုက်စား Action / Western / Drama ရုပ်ရှင်ကားဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုက တရုတ်ပြည်မြောက်ပိုင်းမှာ ရက်စက်ကြမ်းကြုတ်ပြီး လူပေါင်းများစွာကို သတ်ဖြတ်ခဲ့တဲ့ "လူသတ်ဘုရင်"လို့ နာမည်ကြီးတဲ့ လူအကြောင်းကနေ စတင်ထားပါတယ်။ သူဟာ အတိတ်က သွေးစွန်းခဲ့တဲ့ ဘဝကို နောင်တရပြီးနောက်... လောကဓံဒဏ်ကြောင့် ပြေးလွှားနေရတဲ့ လေလွင့်သူတွေ၊ အမှားအယွင်းရှိခဲ့တဲ့လူတွေကိုဘေးကင်းရာ ပုန်းအောင်းနိုင်ဖို့အတွက် "ငြိမ်းချမ်းရေးဟိုတယ်"ဆိုတဲ့ နေရာတစ်ခုကို တည်ထောင်ခဲ့ပါတယ်။ သူက "ဒီဟိုတယ်ထဲကို ခြေချလိုက်တဲ့ ဘယ်သူ့ကိုမဆို ဘယ်ရန်သူကမှ လာရောက်မဖမ်းဆီးရ၊ မသတ်ဖြတ်ရ" ဆိုပြီး စည်းကမ်းထုတ်ကာ ကာကွယ်ပေးထားခဲ့ပါတယ်။ ဒီလိုနဲ့ ဟိုတယ်ကြီးဟာ ဆယ်နှစ်တိုင်တိုင် ငြိမ်းချမ်းနေခဲ့ပေမဲ့... တစ်နေ့မှာတော့ လူဆိုးဂိုဏ်းကြီးတစ်ခုရဲ့ အသည်းအသန် အမဲလိုက်ခြင်း ခံနေရတဲ့မိန်းကလေးတစ်ယောက်ဟိုတယ်ဆီကို ထွက်ပြေးခိုလှုံဖို့ ရောက်ရှိလာပါတော့တယ်။ သူမကြောင့်ပဲ အပြင်က လက်နက်ကိုင်ဂိုဏ်းစတားအဖွဲ့ကြီးဟာ ဟိုတယ်ကို ဝိုင်းရံပိတ်ဆို့ပြီး လွှဲပြောင်းပေးဖို့ တောင်းဆိုပါတော့တယ်။ ဟိုတယ်ပိုင်ရှင်က မိမိရဲ့ ကတိသစ္စာနဲ့ ဟိုတယ်ကို စောင့်ရှောက်ဖို့အတွက်... နှစ်ရှည်လများ သိမ်းဆည်းထားခဲ့တဲ့ သူ့ရဲ့ သေနတ်နဲ့ ဓားမကြီးကို ပြန်လည်ကိုင်ဆောင်ပြီး ရန်သူတွေကို သွေးအေးအေးနဲ့ တစ်ယောက်တည်း ဘယ်လိုမျိုး အမိုက်စား ပြန်လည်ချေမှုန်းမလဲဆိုတာကိုမြင်ရမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း