M. Butterfly
ပြင်သစ်သံရုံးမှာ စာရင်းကိုင်လုပ်နေတဲ့ အမျိုးသားတစ်ယောက်ဟာ အော်ပရာသွားကြည့်ရင်း ပီကင်းအော်ပရာအဆိုတော်တစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အနုပညာအကြောင်း သိပ်မသိပေမယ့် သိနားလည်သလို ဟန်လုပ်ပြီး စကားသွားပြောရာက နှစ်ယောက်ကြားမှာ စိတ်ဝင်စားမှုလေး စတင်လာတယ်။ အဲဒီနောက် အချိန်အတော်ကြာ မတွေ့ဖြစ်ကြတော့ဘဲ သူ လက်ထောက်ကောင်စစ်ဝန်အဖြစ် ရာထူးတိုးလာချိန်မှ အဆိုတော်ဆီ ပြန်သွားပြီး ချစ်ရေးဆိုခဲ့ပါတယ်။ ဒီလိုနဲ့ ပြင်သစ်အမျိုးသားနဲ့ တရုတ်အော်ပရာအဆိုတော်တို့ရဲ့ အချစ်ဇာတ်လမ်း စလာတယ်။ ဒါရိုက်တာကတော့ Crimes of the Future၊ The Fly နဲ့ Crash တို့လို ခန္ဓာကိုယ်ဆိုင်ရာ ထိတ်လန့်ဖွယ်ဇာတ်ကားတွေနဲ့ လူသိများတဲ့ ဒေးဗစ်ခရိုနင်ဘတ်ပါ။ ဒီတစ်ကားမှာတော့ အဲဒီရိုက်ဟန်နဲ့ ကွဲပြားပြီး ရင်းနှီးတဲ့အခန်းတွေမှာတောင် ခန္ဓာကိုယ်အဖော်အချွတ်ကို မပြထားပါဘူး။ Jeremy Irons နဲ့ ဂျွန်လုံးတို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ တိုနီဆုရ ဘရော့ဒ်ဝေးပြဇာတ်တစ်ပုဒ်ကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပြီး မူရင်းပြဇာတ်ကလည်း ပြင်သစ်သံတမန်တစ်ဦးနဲ့ တရုတ်အော်ပရာအဆိုတော် Shi Pei Pu တို့ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားပါတယ်။
ဇာတ်လမ်းအကြောင်း