The Man in the Moon
၁၉၉၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ မင်းသမီး Reese Witherspoon ရဲ့ ပထမဆုံး ပွဲထွက်ရုပ်ရှင်ဖြစ်တဲ့ "The Man in the Moon"ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အသက် ၁၄ နှစ်အရွယ် "ဒန်နီ" ဆိုတဲ့ ကောင်မလေးဟာ သူ့ရဲ့အစ်မ "မော်ရင်း" နဲ့ ခင်မင်ရင်းနှီးပေမဲ့ တစ်ခါတစ်လေမှာတော့ အရာရာပြည့်စုံပြီး လှပတဲ့ သူ့အစ်မကို မနာလိုဖြစ်မိတတ်ပါတယ် ။ အဲဒီအချိန်မှာပဲ သူတို့အိမ်နားကို "ကော့တ်ဖော့စတာ" ဆိုတဲ့ အသက် ၁၇ နှစ်အရွယ် ကောင်လေးနဲ့မိသားစုတွေ ပြောင်းရွှေ့လာခဲ့ပါတယ်။ ဒန်နီ ဟာ ကော့တ် နဲ့ စတင်ခင်မင်ခဲ့ပြီး အချိန်တွေကုန်ဆုံးလာတာနဲ့အမျှ သူ့ပေါ်မှာ ပထမဆုံးအချစ်အဖြစ် သံယောဇဉ်စတွယ်လာခဲ့ပေမဲ့ ကော့တ်ကတော့ ဒန်နီကို ညီမလေးတစ်ယောက်လိုပဲ သဘောထားခဲ့တာပါ။ နောက်ပိုင်းမှာ အစ်မဖြစ်သူ မော်ရင်း နဲ့ ကော့တ် တို တွေ့ဆုံခဲ့ကြပြီး နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ချစ်ကြိုက်သွားကြပါတော့တယ် ဒါကို သိသွားတဲ့ ဒန်နီ ဟာ ရင်ကျိုးရပြီး ဝမ်းနည်းမှုနဲ့အတူ စိတ်ဒဏ်ရာရသွားခဲ့ပါတယ်။ ဒါပေမဲ့ မထင်မှတ်ထားတဲ့ အဖြစ်ဆိုးကြီးတစ်ခု ရုတ်တရက် ဖြစ်ပွားခဲ့ပြီးနောက်မှာတော့ ညီအစ်မနှစ်ယောက်ရဲ့ ဘဝနဲ့ သံယောဇဉ်တွေဟာ ကြီးမားတဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်ကြရတဲ့အခါ.... အပျိုဖော်ဝင်စအရွယ် ပထမဆုံးအချစ်ကိုခံစားရချိန် ထိရှလွယ်တဲ့ ခံစားချက်နဲ့ ညီအစ်မကြားက သံယောဇဉ်တွေကို ပုံဖော်ရိုက်ကူးထားတဲ့ Drama ကားဖြစ်တာမို့ တစ်ခေါက်တော့ မဖြစ်မနေ ကြည့်သင့်ပါတယ်။
ဇာတ်လမ်းအကြောင်း