ဇာတ်ကားများ ရွေးရန်

The Bizarre Murder Case of Uncle Nine

2026ဇာတ်ကားအမှတ် 5.0/10

တရုတ်ဖုတ်ကောင်ကားကြိုက်တဲ့သူတွေအတွက် Jiu Shu ဆိုတဲ့ ဇာတ်ကောင်နာမည်က မစိမ်းတော့ပါဘူးလက်ရှိ ၂၀၂၆ ခုနှစ်ထွက် 《九叔之离奇命案》 ဆိုတဲ့ ရုပ်ရှင်လေးထဲမှာတော့ မြို့လေးတစ်မြို့မှာ သင်္ချိုင်းဖျက်ဆီးမှုတွေလူသတ်မှုတွေနဲ့ ထူးဆန်းတဲ့ဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်ပွားလာရာကနေ Jiu Shu က ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး အမှုရဲ့ နောက်ကွယ်က အမှန်တရားကို စုံစမ်းဖော်ထုတ်သွားတဲ့ Mystery Thriller အမျိုးအစား ဇာတ်လမ်းပုံစံလေးနဲ့ တင်ဆက်ထားပါတယ် တချို့အမှုတွေက မျက်စိနဲ့မြင်ရတဲ့ သဲလွန်စတွေအတိုင်း ဖြေရှင်းလို့မရပါဘူး...တစ်ခါတလေ လူတိုင်းယုံကြည်နေတဲ့ "အမှန်တရား" ရဲ့ နောက်ကွယ်မှာ ပိုကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခု ဖုံးကွယ်နေတတ်ပါတယ် စစ်ပွဲတွေနဲ့ မငြိမ်မသက်ဖြစ်နေတဲ့ခေတ်မှာ Jiu Shu ဟာ သူ့တပည့်တွေနဲ့အတူ ဖူရုံမြို့လေးကို ရောက်လာပါတယ်…မြို့ကိုရောက်ရောက်ချင်းပဲ အလောင်းတွေ ဆက်တိုက်တွေ့ရှိနေပြီး သေဆုံးသူတိုင်းရဲ့ အလောင်းမှာ ထူးဆန်းတဲ့ ဒဏ်ရာတွေရှိနေတဲ့အတွက် တစ်မြို့လုံး ထိတ်လန့်နေကြပါတယ်…လူအများကတော့ ဒါဟာ မကောင်းဆိုးဝါး ဒါမှမဟုတ် ဖုတ်ကောင်တွေရဲ့ လက်ချက်လို့ ယုံကြည်နေကြပါတယ် ထူးဆန်းတဲ့ဖြစ်ရပ်တွေကို သံသယရှိလာတဲ့ Jiu Shu က သဲလွန်စတစ်စချင်းကို လိုက်လံစုံစမ်းရင်း မြို့လေးမှာ နှစ်ပေါင်းများစွာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက် ကလဲ့စားချေမှုတွေ အချင်းချင်း ဆက်နွယ်နေကြောင်း သိလာရတဲ့အခါ စုံစမ်းမှုတွေ နက်ရှိုင်းလာလေလေ အန္တရာယ်တွေလည်း ပိုများလာပြီး တပည့်တွေရဲ့ အသက်ပါ ခြိမ်းခြောက်ခံရတဲ့အခြေအနေအထိ ရောက်ရှိလာပါတော့တယ် နောက်ဆုံးမှာတော့ ထိတ်လန့်စရာ သဘာဝလွန်ဖြစ်ရပ်တွေရဲ့ နောက်ကွယ်မှာ တကယ်ရှိနေတာက သရဲတစ္ဆေထက် ပိုကြောက်စရာကောင်းတဲ့ အမှန်တရားကို ဖုံးကွယ်ထားတဲ့ လူတွေရဲ့ မျက်နှာအစစ်အမှန်ဖြစ်တယ်ဆိုတာ… ဒီဇာတ်ကားလေးထဲ Mystery နဲ့ Investigation ကိုပါ ကောင်းကောင်းပေါင်းစပ်ထားတာကြောင့် အစကနေ အဆုံးထိ စိတ်ဝင်စားစရာ မပျက်စေတဲ့ ရုပ်ရှင်ဇာတ်ကားလေးဖြစ်စေမှာပါ Filesize : 1.20 GB / 665 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Thriller and Fantasy Runtime : 1h 21 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း