Perfect Proposal
Perfect Proposal (2015) IMDb Rating (6.5) ဒီရုပ်ရှင်ကတော့ ဟောင်းပေမဲ့ကောင်းနေဆဲ ရုပ်ရှင်ကားထဲက တစ်ကားဖြစ်ပြီး မသိသူမရှိတဲ့ မင်းသား ယူယောင်းဆော့နဲ့ A Tale of Two Sisters ထဲက မင်းသမီး အင်ဆူဂျောင်းတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ***ဇာတ်လမ်းအကျဉ်း*** မကာအိုကို ဧည့်လမ်းညွှန်အနေနဲ့ ရောက်လာပြီး သူငယ်ချင်းတစ်ယောက်နဲ့အတူ ခရီးသွားအေဂျင်စီထောင်ခါမှ သူငယ်ချင်းဖြစ်သူက ပိုက်ဆံတွေ ယူပြေးသွားတဲ့အပြင် သူ့နာမည်နဲ့ပါ ပိုက်ဆံတွေ ထပ်ချေးသွားလို့ ဘီယာဆိုင်မှာလုပ်နေရပြီး အကြွေးပင်လယ်ဝေနေတဲ့ ကိုရီးယားသူလေး ယူဂျီယွန်း (ခေါ်) ဂျန်နီ... တစ်နေ့တော့ အလုပ်ကကောင်မလေးတစ်ယောက်က ထူးဆန်းတဲ့အလုပ်ခေါ်စာတစ်ခု ယူလာပြီး သူ့ကိုလာပြပါတော့တယ်။ မကာအိုက ကာစီနိုတွေရဲ့တစ်ဝက်ကိုပိုင်တဲ့ သူဌေးကြီးတစ်ယောက်... ကိုရီးယားလူမျိုးဖြစ်သူကို ပြုစုစောင့်ရှောက်ဖို့အတွက် Single မိန်းကလေးတစ်ယောက်တဲ့လေ.. လုပ်ခလစာကို ပိုပိုလျှံလျှံပေးထားတော့ ဂျီယွန်းတစ်ယောက်လည်း သွားလျှောက်ဖြစ်ခဲ့တာပေါ့ "ကိုရီးယားစကားပြောတတ်သူကို ဦးစားပေးမည်" ရေးထားခဲ့တာကိုး... အင်တာဗျူးကို ရောက်သွားတော့ တွေ့လိုက်ရတဲ့သူက ရုပ်ရည်ချောမောပြီး အရပ်ရှည်ရှည် Body ခပ်တောင့်တောင့်နဲ့လူတစ်ယောက် နာမည်က ဂင်ဆောင်းယော... တကယ်တမ်း သူ့သရုပ်မှန်က ကာစီနိုပိုင် ဥက္ကဌကြီး ဂင်ဆော့ဂူရဲ့ တရားမဝင်သား... ငယ်စဉ်ကတည်းက အမေဖြစ်သူနဲ့သူ့ကိုပါ အရေးမလုပ်ခဲ့ဘဲ ကြီးလာတော့လည်း ၁၀ နှစ်ကြာ အလုပ်အကျွေးပြုခဲ့တဲ့ သူ့ကို... သေတမ်းစာမှာ ပိုင်ဆိုင်မှုရဲ့ ၁၀ ရာခိုင်နှုန်းကိုပဲပေးပြီး ကျန်တာကို လူမှုအဖွဲ့အစည်းတွေဆီ လှူမယ်သတဲ့လေ... ဒါပေမဲ့ ကြားထဲ အိမ်ထောင်ပြုဖြစ်ခဲ့ရင်တော့ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းကို အိမ်ထောင်ဖက်ဖြစ်သူ အမျိုးသမီးကရမှာဖြစ်တဲ့အတွက် သူ့ရဲ့အစီအစဉ်က ယူဂျီယွန်းကို အင်တာဗျူး၊ အရင်သူဌေးကတော်ပုံစံအတိုင်း Train ပြီး အဖေဖြစ်သူနဲ့ အိမ်ထောင်ချပေးဖို့ပါပဲ။ ပြီးရင်တော့ အဖေဖြစ်သူသေတဲ့အခါ သူတို့နှစ်ယောက် တစ်ယောက်တစ်ဝက် ခွဲယူကြသတည်းပေါ့။ အဲဒီလို ငွေကြေးကိစ္စနဲ့ စဆုံတွေ့ခဲ့ကြပြီး အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ဖို့ လှုပ်ရှားကြတဲ့ သူတို့နှစ်ယောက် လိုချင်တဲ့အစီအစဉ်အတိုင်းဖြစ်လာမလား ကြားထဲမှာ ဘယ်လိုအခက်အခဲတွေ ကြုံရဦးမလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File Size : 1.25GB/ 610MB Quality : WEB-DL 1080p/ 720p Format : mp4 Duration : 1hr 51m Genre : Thriller, Crime, Drama Subtitle : Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း