Fantastic Beasts: The Secrets of Dumbledore
Fantastic Beasts ရဲ့ တတိယမြောက်ရုပ်ရှင်မှာ ဒန်ဘယ်ဒေါနဲ့ ဂရင်ဒီဝေါတို့ ထိပ်တိုက်ရင်ဆိုင်ရမယ့် အခြေအနေကနေ ဆက်ထားပါတယ်။ အရင်အပိုင်းမှာ ခရီးဒန့်စ်ရဲ့ ဘဝအမှန် ပေါ်လာခဲ့ပြီး နျူ့ထ်တို့လည်း ကွင်နီကို လက်လွှတ်ခဲ့ရသလို သူတို့ကိုယ်တိုင် မနည်းလွတ်အောင် ပြေးလာခဲ့ရတယ်။ ဒီတစ်ခါတော့ ဂရင်ဒီဝေါကို တားဆီးဖို့ ဒန်ဘယ်ဒေါက နျူ့ထ်တို့ညီအစ်ကို၊ ဂျေကော့နဲ့ မှော်ဝင်သတ္တဝါဆန်းတွေနဲ့အတူ ကြိုးစားကြမှာပါ။ ဂရင်ဒီဝေါအဖြစ် သရုပ်ဆောင်သူလည်း ပြောင်းသွားပြီး ဂျွန်နီဒက်ပ်ရဲ့နေရာမှာ မက်ဒ်မစ်ကယ်ဆန် ပါဝင်လာပါတယ်။
ဇာတ်လမ်းအကြောင်း